အပိုင်း ၃၈

2.3K 341 48
                                    

Unicode

မတွေ့ရတာကြာသည့် သူငယ်ချင်းနှင့်ပြန်တွေ့ရခြင်းကြောင့် ချန်းနိုအလွန်ပျော်ရွှင်နေသည်။ ပိုင်ရွဲ့ကသူ့မူအတိုင်း စကားနည်းနေဆဲဖြစ်ပြီး၊ သူတို့နှစ်ယောက်တွင်စကားအများဆုံးသူမှာ ချန်းနိုသာဖြစ်သည်။ ရွှေရောင်မျက်လုံးတွေ၏အကြည့်တွေက သူ့မျက်နှာထံတွင်သာဝေ့ဝဲနေသဖြင့် ချန်းနိုအကြောင်းမဲ့တုန်ရင်သွားမိသည်။ 

သူတို့ဘယ်လောက်ကြာကြာလောက် စကားပြောနေခဲ့သည်လဲဆိုသည်ကို ချန်းနိုမသိလိုက်။ ဗိုက်ထဲက ဆူညံသံတွေထွက်လာမှ ကောင်းကင်ကိုမော့ကြည့်လိုက်မိသည်။ နေမင်းကအနောက်ဘက်သို့ ဝင်ရောက်သွားပြီဖြစ်သည်။ 

"လာ...။ ငါတို့စားရင်းနဲ့မှ ဆက်ပြောကြရအောင်..."  

ပိုင်ရွဲ့ကချန်းနိုအားနူးညံ့စွာဖြင့် တချက်ကြည့်လိုက်ပြီးနောက် ဆေးလုံးတစ်လုံးကိုမျိုချလိုက်သည်။ ခဏကြာသည့်အခါတွင် သူ့ဆံပင်နှင့်မျက်လုံးအရောင်တွေက အနက်ရောင်ပြောင်းသွားသည်။ ချန်းနို ပိုင်ရွဲ့၏နာမည်တုကို သတိရသွားသည်။ 

" မင်းဘာလို့ ချန်းရိ ဆိုတဲ့နာမည်ကို သုံးတာလဲ?..."

"အော်..။ ဒီအတိုင်း ပြသနာတွေကို ရှောင်ဖို့ပါ.." 

ပိုင်ရွဲ့ကဟိုဟိုသည်သည်လှည့်၍ သူ့မျက်နှာတွင်ထင်းနေသော ရှက်ရွံ့နေမှုများကိုကွယ်ဝှက်လိုက်ကာ ရှေ့သို့လျှောက်သွားသည်။ 

ချန်းနိုကထိုအချင်းအရာနှင့် ပတ်သတ်ပြီးသိပ်တွေး‌မနေ။ မမျှော်လင့်ထားစွာနှင့် ပိုင်ရွဲ့ကလိမ်တတ်လာသည်။ ချန်းနိုမနေနိုင်ပဲပြုံးမိသွားပြီး၊ ထိုကောင်လေးတော််တော်တိုးတက်လာပြီဟု တွေးနေမိသည်။ 

လက္ဖရည်ဆိုင်သို့ပြန်ရောက်သည့်အခါတွင် ပိုင်ရွဲ့နှစ်သက်သည့် သန့်ရှင်းလတ်ဆတ်သော ဟင်းပွဲတချို့ကိုမှာလိုက်သည်။ ထို့ပြင် ပိုင်ရွဲ့၏အသန့်ကြိုက်သောအကျင့်ကိုသိ၍ စားပွဲထိုးလေးအားစွမ်းအင်ပြား တချို့ထက်ပေး၍ စားစရာများကိုပန်းကန်ခွက်ရောက် အသစ်များနှင့်ထည့်ပေးရန် တောင်းဆိုလိုက်သည်။ 

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Where stories live. Discover now