အပိုင်း ၁၃

2.7K 456 19
                                    

Unicode

ဓားတို၏အေးစက်စက်အထိအတွေ့ကြောင့် ချန်းနိုအရိုးထဲနေ စိမ့်သွားပြီး အကြိမ်အနည်းငယ်ခန့် တုန်ရင်သွားမိသည်။ သို့သော် သူကလက်လျှော့ဖို့ငြင်းဆန်လိုက်ပြီး ပိုင်ရွဲ့အားပို၍တင်းကြပ်စွာကိုင်၍ သူ့အိမ်ထိတွဲပို့ပေးသည်။ ထိုအချိန်ထိ ဓားတိုကသူ့လည်ပင်ထဲကို ဖောက်ဝင်မလာခဲ့။ ချန်းနိုကတစ်စုံတရာကို သဘောပေါက်သကဲ့သို့ ပြုံးသည်။ ယခုချိန်တွင်သူတို့နှစ်ယောက်ကအလွန်နီးကပ်နေသည်ဖြစ်လေရာ ပိုင်းရွဲ့ကသူ့ကိုနှလုံးသားမဲ့စွာဖြင့် ဓားနှင့်ထိုးစိုက်လိုက်၍ရချေ​၏။

ပိုင်ရွဲ့၏အသန့်ကြိုက်မှုလယ်​ဗယ်အရ တစုံတစ်ယောက်၏သွေးတွေ သူ့ကိုယ်ပေါ်ကိုစွန်းထင်းသွားမည်ကို သည်းခံနိုင်လိမ့်မည်မဟုတ်လောက်။ သူ့အသက်ရှုနှုန်းက အနည်းငယ်နှေးနေပြီး၊ လေးလံ​နေလှသည့်မျက်ခွံတွေအား ကြိုးစားအံတုနေရရှာ၏။

ထိုမြင်ကွင်းကြောင့်ချန်းနိုက အလွန်တရာပူဆွေးသွားသည်။ သူက ပိုင်ရွဲ့ကိုဂရုတစိုက်ဖြင့် အိပ်ရာပေါ်ချသို့ပေးသည်။ ထိုကလေး၏လက်ထဲက ဓားကိုယူ၍ဘေးနားတွင်တင်ထားရန် ချန်းနိုကြံစည်လိုက်သော်လည်း ထိုကလေးကသတိရတချက်၊မရတချက်ဖြစ်နေသည့်အခြေအနေတွင်ပင် သူ့ဓားကိုလုံးဝမျှမလွှတ်။ ထို့ကြောင့်အဆုံးတွင်​တော့ သူလက်လျှော့လိုက်ရသည်။

ချောင်ထို့ကလိုအပ်သည့်ဆေးတွေကိုယူရန် အပြေးအလွှားထွက်သွားသည်။  ချန်ချွန်းနှင့်ကျင်းယွီကိုတော့ ရေနွေးတည်ခိုင်း​စေလိုက်သည်။ ချန်းနိုကတော့သွေးတွေဖြင့်ရွဲနစ်နေသော ပိုင်ရွဲ့၏အပေါ်ဝတ်ရုံအပြင် ​လေသင်တုန်းဓားတွေကြောင့် ပျက်စီးသွားသည့်ပိုင်ရွဲ့၏ ဖိနပ်တွေကိုလည်း သေသေချာချာချွတ်ပေးသည်။

ပိုင်ရွဲ့က ကလေးတစ်ယောက်သာဖြစ်သေး၍ သူ့ခန္ဓာကိုယ်က သိပ်ပြီးမဖွံ့ဖြိုးသေးလှ။ သူ့ရင်ဘက်လေးကအလွန်ပိန်ပါးနေပြီး ပွင့်ထွက်နေသည့်ဓားဒဏ်ရာကနေ ယခုချိန်ထိသွေးတွေစီးကျနေဆဲ။ ခြေထောက်တွေကဓားပြတ်ရာတွေသည် သိပ်ပြီးမနက်ရှိုင်းလှသော်လည်း ရှည်လျားသည့်ထိုခြစ်ရာတွေမှ သွေးတွေထွက်နေသည့်မြင်ကွင်းကပင် လူတွေအားထိတ်လန့်သွားစေရန် လုံလောက်နေချေပြီ။ 

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Where stories live. Discover now