အပိုင်း ၈

3.4K 447 39
                                    

Unicode

ကြီးမားလေးလံသည့်ကျိုင်းတွေက ကျူးလျှို၏ကျောကိုရိုက်မိသွားပြီး ထိုသူ၏နာကျင်စွာအော်လို​က်သည့်အသံကျယ်ကြီးအပြင် အရိုးတွေကျိုးကြေသံကိုပါ ချန်းနိုကြားလိုက်ရသည်။ ထိုအချင်းအရာက သူ့ဦးရေပြားကိုတင်းလာစေပြီး မည်ကဲ့သို့တုံ့ပြန်ရမည်လဲဆိုသည်ကိုပင် သူမသိတော့။

တစ်ဖက်တွင်တော့ လျှိုကွမ်းကဒေါသပေါက်ကွဲ၍မပြီးသေး။သူက မှောက်ရက်လဲကျနေသည့်ကျူးလျှိုကို ဆွဲလှန်လိုက်ပြီး ခြေထောက်တစ်ဖက်နှင့်ကျူးလျှို၏မျက်နှာကို တက်နင်းကာထိုသူ၏ခေါင်းကိုမြေကြီးတွင် ဖိကပ်ထားလိုက်သည်။

"မင်းရဲ့အဘိုး၊ ငါက မင်းကိုမေးနေတယ်လေ..။ ဘာလို့မဖြေတာလဲ?..။ ဟမ်?.."

ကျူးလျှိုကနာကျင်လွန်းသောကြောင့် ငြီးတွားနေမှုကိုမည်သို့မျှမရပ်တန့်နိုင်တော့။ သွေးတွေကသူ့ပါးစပ်ကနေတစ်ဆင့် မျက်နှာနှင့်​လည်ပင်းတွေပေါ်သို့ စီးကျလာသည်။ သူ့ပုံကအလွန်အမင်း နာကျင်နေပုံပေါက်နေပြီး သနားစရာကောင်းနေ၏။ သူကလက်တွေကိုမြေကြီးပေါ်ထောက်၍ ပြန်ထ,နိုင်ရန်ကြိုးပမ်းသည်။ သို့သော် လျှိုကွမ်းကပြန်ထ,ခွင့်မပေးပဲ သံမဏိကျိုင်းကိုမြောက်၍ ကျူးလျှို၏လက်ကောက်ဝတ်ကိုရိုက်သည်။

ကျူးလျှိုကအသည်းခိုက်အောင်နာကျင်သွားပြီး၊ ခြိမ်းခြောက်စကားတွေကို ငယ်သံပါအောင်အော်ဟစ်ပြောဆိုတော့၏။

"မင်း!!...။ အောက်တန်းကျတဲ့ခွေးမသားလေး..။ မင်းအဖေငါကလန်ရွဲ့စခန်းကပဲ..။ ငါတို့ခေါင်းဆောင်ဘယ်သူလဲ မင်းသိရဲ့လား..။ အားးးး..."

ကျူးလျှိုစကားပြော၍ မပြီးသေးခင်မှာပင် လျှိုကွမ်းကထိုသူ၏ကောင်းနေသေးသည့်လက်တစ်ဖက်ကိုပါ ကျိုင်းနဲ့ထုလိုက်၏။ ကျူးလျှို၏လက်မောင်းက အနောက်ဘက်ကိုကွေးသွားပြီး အရိုးကျိုးသွားသည်။ အလွန်အမင်းနာကျင်လှသဖြင့် ကျူးလျှိုကကြယ်တွေ၊လတွေကိုပင်မြင်သွားပြီး သတိမေ့လုမတတ်ဖြစ်သွား၏။ 

ကမ္ဘာပေါ်တွင်လျှိုကွမ်းအမုန်းဆုံးအရာမှာ တစုံတယောက်ကသူ့ကိုစော်ကားမော်ကား ပြောဆိုပြုမှုခြင်းကိုဖြစ်၏။ ကျူးလျှို၏'အောက်တန်းကျတဲ့ ခွေးမသားလေး..' ဆိုသည့်စကားက လျှိုကွမ်း၏ဒေါသတွေကို ရှိရင်းစွဲထက်ပိုပြီး ကြီးမားလာစေသည်။ ဤပတ်ဝန်းကျင်ကရွာတစ်ရွာ၏ ရွာသားတစ်ယောက်အနေနှင့် လျှိုကွမ်းကထိုသူပြောသည့် လန်ရွဲ့စခန်းဆိုသည်အား ကောင်းကောင်းကြီးသိ၏။

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Where stories live. Discover now