အပိုင်း ၂၂

2.9K 454 36
                                    

Unicode

ပိုင်ရွဲ့၏ခန္ဒာကိုယ်က ရေခဲတုံးတစ်တုံးနှင့်မခြားတော့။ အေးစက်နေသည့်ဒဏ်ကြောင့် ချန်းနိုနှာတွေပါစီးလာပြီး နှာခေါင်းဖြင့်အသက်ရှူရသည်က လုံးဝအဆင်မပြေတော့။ သို့ကြောင့် ပါးစပ်ကိုဟ,၍ ရှုနေရသည်။ အအေးဒဏ်ကပြင်းထန်လှသဖြင့် ပိုင်ရွဲ့ကိုတောင်ဆက်ပြီး ထိန်းမကိုင်ပေးထားနိုင်လောက်အောင်ဖြစ်နေ၏။ ချန်းနိုကပိုင်ရွဲ့ကိုနှစ်ကြိမ်ဆက်တိုက်ခေါ်လိုက်သော်လည်း ပိုင်ရွဲဲ့ကမူမည်သို့မျှမတုံ့ပြန်လာခဲ့။  ရေခဲခန်းထဲမှယခုလေးတင် ထွက်လာသကဲ့သို့ ပိုင်ရွဲ့၏မျက်ခုံးတွေနှင့်မျက်တောင်တွေပေါ်တွင် ရေခဲလွှာအပါးလေးတွေ ဖြစ်ပေါ်နေ၏။

ချန်းနိုကတုန်ရင်နေသည့်လက်ချောင်းတွေကို ပိုင်ရွဲ့၏နှာဖျားထံသို့ကပ်လိုက်သည်။ ပိုင်ရွဲ့၏အသက်ရှုနှုန်းက အားနည်းနေသော်လည်း ထိုသည်ကပင်သူ့ကိုစိတ်သက်သာရ ရသွားစေ၏။

ပိုင်ရွဲ့ကသူ့ကိုယ်ထဲက အအေးစွမ်းအင်တွေကို ဖိနှိပ်ထားခဲ့သေးသည်လားကို ချန်းနိုမသိ။ ယခု ပိုင်ရွဲ့၏ကိုယ်ထဲကထုတ်လွှတ်နေသည့် အအေးဓာတ်တွေက သူမမျှော်လင့်ထားလောက်အောင် ပြင်းထန်အားကောင်နေ၏။

ချန်းနိုကပိုင်ရွဲ့ကို သူတို့အိမ်သို့ပြန်ခေါ်သွားပြီး ရေပူဖြင့်ရေချိုးပေးချင်၏။ သို့သော် စိတ်သွားတိုင်းကိုယ်မပါပဲဖြစ်နေကာ၊ တစ်မိနစ်ကျော်ကြာသည်အထိ သူမတ်တပ်မရပ်နိုင်သေး။ သူခဏလောက်လက်လျှော့လိုက်ပြီး၊ ဝတ်ရုံကိုချွတ်၍ ပိုင်ရွဲ့အားထိုဝတ်ရုံဖြင့် ခပ်တင်းတင်းပတ်ပေးလိုက်၏။

ဤကလေးကအလွန်ပင် သည်းခံနိုင်စွမ်းကြီးမားလှ၏။ သူကလက်သီးတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး မည်သို့သောအသံကိုမျှမပြု။

ချန်းနိုကသွားကိုကြိတ်၍ ပိုင်ရွဲ့ကိုသူ့ရင်ခွင်ထဲ ထည့်၍ဖက်ထားလိုက်သည်။ အအေးဓာတ်လျော့ပါးစေခြင်းအလို့ငှာ ပိုင်ရွဲ့၏တကိုယ်လုံးကို ပွတ်သပ်ပေးကာဖြင့် ဒေါသတွေကိုဖောက်ခွဲ၍ စတင်ကျိန်ဆဲတော့သည်။..

"မအေးဘေးလေးပိုင်ကျီ! အောက်တန်းစားလူယုတ်မာချန်ချွန်း! မင်းတို့အကုန်လုံးကို -ီးပဲ!..။ နောက်တစ်ခါ မင်းတို့ရဲ့အဖေငါနဲ့ မင်းတို့လိုလူယုတ်မာလေးတွေ ထပ်ပြီးဆုံခဲ့ရင် သတိသာ ထားနေကြပေတော့..။ မင်းတို့အဖေငါက မင်းတို့ကိုကောင်းကောင်းကြီးဆုံးမပေးမယ်!.."

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Where stories live. Discover now