1

2.1K 52 1
                                    

Uni
ဒုန်း.....

"မင်းတို့အသုံးကိုမကျဘူး"
စားပွဲထုသံနှင့်အတူ အော်သံဟိန်းသွားတော့
ရှေ့က အတွင်း‌ေရးမှူးနှစ်ယောက်မှာ ထွက်ပေါက်မရှိတဲ့ယုန်သူငယ်
ပမာ တစ်ယောက်မျက်နာတစ်ယောက်ကြည့်ကာ ကြံရာမရ

"ပြော စမ်းဘယ်လိုဖြစ်တာ လဲမင်းတို့ကိုစိတ်ချလို့ခိုင်းတာကွ .. "
ဦးမင်းလရောင် ဒေါသငယ်ထိပ်တတ်လေပြီ
တစ်ဦးတည်းသောသားမို့ ငယ်လေးထဲကဖူးဖူးမှုတ်ထားခဲ့တာ
ခုတော့ ဖျားနေလေပြီ

"ဟေ့ ကောင်တွေ ငါမေးနေတယ်လေ .... ခွမ်း"

"သခင်လေးကနောက်ထက်တစ်နာရီဆိုလို့"

"ဘာ"!!!

"တော်ပါတော့ကိုရယ်   သူတို့လည်း ပင်ပန်းရှာမှာပေါ့"
ဒေါ်လဲ့လဲ့ရွှေစင်၏ အသံဖြစ်သည်

ဦးမင်းလရောင်ဆိုတာ ဖားကန့်ကျောက်စိမ်းလောကမှာ နာမည်ကြီး
ဖြစ်သည်   အလုပ်ကြိုးစားရင်ကြိုးစားသလို ချီးကျူးဂုဏ်ပြုတတ်ပေမဲ့
စည်းကမ်းကြီးပြီး အလုပ်မှာလည်း သစ္စာရှိသည်။ သို့သော်လည်း
သားနဲ့ပတ်သတ်လာရင်တော့မရပေ။

ထို့ကြောင့်လည်း အလုပ်သမားများက ဖိန့်ဖိန့်တုန်အောင်ကြောက်ကြသည်

ဒေါ်လဲ့လဲ့ရွှေစင်မှာထိုသို့မဟုတ်ပေ
စိတ်ထားနူးညံ့ပြီး အရာရာကိုခေါင်းအေးအေးထားကာစဉ်းစားဆုံဖြတ်တတ်သူဖြစ်သည်

"မာန် လေးလည်းအဖျားကျသွားပါပြီ ကိုရယ်  စိတ်လျော့ပါ
သွား မင်းတို့လည်းပြန်ပြီးနားကြတော့ "
ဒေါ်ရွှေစင်က သူတို့ဘက်လှည့်ကာပြောလိုက်တော့မှ အတွင်းရေးမှူးနှစ်ယောက်လည်းသက်ပြင်းချတိုးတိုးချကာ အခန်းအတွင်းမှထွက်သွားလေးသည်။
ထို့အခါမှ ဒေါ်ရွှေစင်ကို ဦးလရောင်မှ

"အဖျား ဘယ်လောက်ရှိလဲ"

"အစက  104 ခုတော့ကျသွားပါပြီ"

"အဲ့ဒါကြောင့်လိုက် သွားလို့ပြောတာပေါ့ကွာ"

"ရွှေစင် မအားလို့ပါကိုရယ်"

"ဟုတ်ပါပြီ ဒါဆိုကိုတို့အိမ်ပြန်ရအောင်"

_______________________________

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now