4

346 24 0
                                    

Uni

ဒယ်ဒီ့ရှေ့ချထားတဲ့ပုံတွေ
ကျတော်ကိုဦးနမ်းနေတဲ့ပုံများ

"ဒယ်ဒီ ဒယ်ဒီ ဒါတွေဘယ်က"
"အရင်ထိုင်အုံး"

ကျတော့်စကားမဆုံးခင် ဒယ်ဒီပြောလိုက်ခြင်းပါ

ဒယ်ဒီမျက်နှာအကဲခတ်ကြည့်တော့လည်း
ဒေါသထွက်နေသည့်အငွေ့အသက်မတွေ့

"ဒယ်ဒီ ကျတော်"

ကျတော်ရှင်းပြဖို့ကြိုးစားပေမဲ့
ဒယ်ဒီက ခဏနေအုံးဆိုတဲ့သဘောနဲ့
လက်ကာပြနေတာကြောင့်
ကျတော်ပြောမဲ့စကားတွေနှုတ်ခမ်းဝတွင်ပျောက်ရှလေပြီ

ဒယ်ဒီနဲ့ကျတော်နှစ်ယောက်တည်း
ဘာမှမပြောမိ

တိတ်ဆိတ်နေတာကိုဖြိုခွင်းလိုက်တာက မာမီ

"ကိုရယ်ပြောစရာရှိတာပြောလိုက်လေ"

မာမီက ကျတော်ရှိရာသို့လျှောက်လာရင်းပြောလိုက်တာကြောင့်
ဒယ်ဒီက

"ဟုတ်ပါပြီကွာ   ကိုပြောမှာပါ ဘယ်ကပြောရမှန်းမသိလို့ပါ လဲ့ရဲ့"

ပြောပြီးတော့ ကျတော်ကိုသေချာကြည့်ကာ
ဒယ်ဒီက

"သား မင်းကLGBTလား"

ဒယ်ဒီမေးလိုက်တဲ့ စကားကြောင့်
ကျွန်တော်ဘာပြောရမှန်းမသိတော့
ကျတော်ပြောဖို့ စကားလုံးတွေအသည်းအသန်ရှာနေစဉ်
ဒယ်ဒီကပင်ထပ်၍

"ပြောပါဒယ်ဒီ့ကိုပွင့်ပွင့်လင်းလင်း မကြောက်ပါနဲ့"

ကျတော်လည်း အားတင်းကာ

"ဟုတ်ပါတယ် ဒယ်ဒီ"

"ပတ်ဝန်းကျင်ကပြောလာမဲ့စကားတွေကို
ရင်ဆိုင်ဖို့ အသင့်ပဲလား သား"

ကျတော်မျက်လုံးပြူးသွားသည်
ဒယ်ဒီက ဆက်ပြောသည်

"ဒယ်ဒီနဲ့ မာမီကမင်းဘက်မှာပါကွာ
မကြောက်ပါနဲ့
ဘာပဲဖြစ်နေဖြစ်နေ သားကဒယ်ဒီတို့ရဲ့သားပါ"

ကျတော်မျက်ရည်တွေ ထိန်းမရအောင်ကျနေခဲ့ပြီ
အနည်းဆုံးတော့ ဒယ်ဒီတို့ဒေါသထွက်အုံးမှာပဲလို့မျှော်လင့်ထားခဲ့တာ

ကျတော်ဒယ်ဒီဆီသွားကာ
ဖက်ထားမိပါတယ်
မာမီကတော့ပြုံးနေတုန်းပါပဲ

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now