5

384 23 0
                                    

Uni

ဘာရယ်မဟုတ်
မှန်ရှေ့မှာ တစ်ယောက်တည်း ပြုံးနေမိသည်

ဒီနေ့ဆိုဦးနဲ့ချစ်သူဖြစ်တာ
၃ လပြည့်ပြီးမို့ ဦးနဲ့ချိန်းထားတဲ့နေရာသွားမှာပါ

ပြီးရင်ဦးကဒယ်ဒီတို့နဲ့
စကားပြောအုံးမှာတဲ့လေ

ဟီး အတွေးတွေလွန်ပြီးပျော်နေတာ

.........

"ဟဲ့ အမလေးလေး ပျော်နေလိုက်တာနော်"

အခန်းဝက ဝတီ့အသံကြားမှ အသိစိတ်ကကပ်တာ
ဦးရယ်
ပြုစားလိုက်တာ

ကျတော်လည်းရှက်ရှက်နဲ့

"ပျော်တာပေါ့ ချစ်သူနဲ့သွားတွေ့မှာကို  Fa လေးရဲ့"

"ဟာ ငါ့ကိုများfa တဲ့
နင်တို့လိုဟာလေးတွေအတွက်ရှာပေးနေရလို့ဟဲ့"

"ဟီးဟီး  အေးပါ  သွားတော့မယ် မို့လား"

"အေ အေ ကြွတာပေါ့"

"စိတ်မဆိုးပါနဲ့  အချောမမရယ်"

"သွားစမ်း  ခုမှလာပြီး"

ကျတော်နဲ့ဝတီလည်း စရင်းနောက်ရင်း ဦးရှိရာသို့ ထွက်လာခဲ့လိုက်သည်

...........

Ring......

ဖုန်းလာနေတာကြောင့်  ပိုင်ထက်သျှားတစ်ယောက်ကိုင်လိုက်ကာ

"ဟုတ် ပါး ကျတော်အားလုံး စီ စဉ်ပြီးပြီ"

"......"

"ဟုတ် တစ်ခါတည်းခေါ်လာမှာပါ ပါပါး"

"......."

"ဟုတ်ကဲ့   အကုန်လုံးအဆင်သင့်ပဲ  ကြာလှမှ တစ်လပေါ့"

"....."

"ဟား ဟား  ဟုတ်ပါပြီဗျ  မကြာခင် ပြီးသွားမှာပါ"

"........."

" သူ့အသက်ကကျတော့်လက်ထဲမှာပါ"

" ......."

"ဟုတ်ကဲ့ ပါပါး   အဲ့ဒါဆို ဒါပဲ
ပြီးမှတူတူ အောင်ပွဲခံတာပေါ့"

ဖုန်းချပြီးတဲ့နောက် သျှားကျေကျေနပ်နပ်ပြုံးလိုက်မိသည်

မင်းဘူန်းမာန် ဟက် ငါ့လက်ခုပ်ထဲကရေပဲ

........

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now