24

303 6 1
                                    

အတိတ်က နာကျင်မှုတွေနဲ့ပြည့်နေတဲ့ အခန်းကို ကျွန်တော် ဘယ်တော့မှပြန်မလာချင်ပါ။ ဒါပေမဲ့ တစ်ကျော့ပြန်ရောက်လာပြန်တဲ့ ဒီမြေအောက်ခန်း ။ အာရုံထဲတွင် အတိတ်က‌ငိုကြွေးခဲ့ရတာကိုပင် အခဲမကြေပါ။

သတိလစ်နေတဲ့ ထက်မြတ်ကို ကြည့်ရင်း ထက်မာန် အနားသို့တိုးသွားလိုက်သည်။ အနားမရောက်သေးခင်မှာပဲ နောက်ဘက်က လှုပ်ရှားသံ ကြားတာကြောင့် သေနတ်ကို ထုတ်ကာ နောက်လှည့်ချိန်လိုက်သည်။

ပြုံးနေတဲ့ မျက်နှာထားနဲ့ ပိုင်ထက်သျှား

"ဟ မင်းအဲ့လောက်ဇရှိမယ်လို့မထင်တာပါကွာ" မျက်စပင့်ကာ ပြောနေတာကြောင့် ထက်မာန် သေနတ်မောင်းချိန်ကာ ပိုင်ထက်သျှားရဲ့ မျက်နှာဘက်ကို ချိန်ထားလိုက်သည်။

"ငါတို့က မင်းကို လုပ်ချင်တိုင်းလုပ်ခွင့်ပေးမယ် ထင်လား"

ဝှီးချဲပေါ်ကနေ ထက်မြတ်ရဲ့ လည်ပင်းနားကို ဓားထောက်ထားတဲ့  စေတမာန်။

ထက်မာန် ပိုင်ထက်သျှားရဲ့ဒူးနေရာကို။ တစ်ချက်ကန်လိုက်သည်။ ပိုင်ထက် ရုတ်တရက်မို့ ခံလိုက်ရကာ ဒူးထောက်လျက်ပင် လဲကျသွားသည်။ အခွင့်အရေးကို အရယူက ပိုင်ထက်သျှားရဲ့ ဦးခေါင်းကို သေနတ်ဖြင့်ချိန်ရင်း

"ကျွန်တော် လူမသတ်ချင်ဘူး ကျွန်တော့်ညီကို လွှတ်လိုက်တာကောင်းမယ်"

ပြောနေတဲ့ အချိန်ပင် ထက်မြတ်နိုးလာလေသည်။ မျက်စိရှေ့မှမြင်ကွင်များကို နားမလည်နိုင်သလို ကြည့်နေသေးသည်။

ထိုအချန်မှာပဲ ပိုင်ထက်သျှားက ချိန်ထားတဲ့ သေနတ်ကို ပုတ်ထုတ်ကာ ထက်မာန်အား လက်သီးဖြင့် ထိုးချလေသည်။ သေနတ်လည်း လွင့်ထွက်သွားကာ ထက်မာန်လည်း တစ်ချက်ယိုင်‌သွားလေသည်။ ပိုင်ထက်သျှား အနီးမှာရှိတဲ့ တုတ်ကို ယူကာ ထက်မာန်အား ရိုက်လေသည်။

တစ်ချက်ပြီတစ်ချက်
ထက်မာန်ပြန်တွန်းလှန်ဖို့မစွမ်းနိုင်ပါ

"တော်ပါတော့!!!"

စူးရှတဲ့အသံ လာရာကို ထက်မာန်လှည့်ကြည့်လိုက်တော့ ဝေယံပိုင်

You've reached the end of published parts.

⏰ Last updated: Apr 08, 2023 ⏰

Add this story to your Library to get notified about new parts!

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now