14

347 22 0
                                    

Uni
"မင်းတို့က‌တွဲနေကြတာလား"

ထက်မာန်ရဲ့ အမေးကြောင့် ထက်မြတ်ကပြုံးစိစိလုပ်နေပေမဲ့ ဝေယံက ခပ်တည်တည်နဲ့

"ဟုတ်တယ်ဆိုရင်ကော ကိုထက်က ယောက်ျားလေးချင်းချင်းတွဲတာ လက်မခံလို့လား"

သို့သော် ဘာမှ ပြန်မဖြေပဲ ထက်မာန် အခန်းထဲက ထွက်သွားမည်ဟု မည်သူကထင်ပါမည်နည်း။

ပြန်မဖြေခဲ့ပေမဲ့ ထက်မာန်ရင်ထဲတွေးမိလိုက်တဲ့မေးခွန်းတစ်ခုတော့ရှိပေသည်။

*ယောက်ျားလေးချင်း ချစ်တဲ့ ချစ်ခြင်းက အဆုံးသတ်မှာ ပျော်ရွှင်နိုင်လို့လား*

________________________________

"ဘာကွ"

ပိုင်ထက်သျှား ဒေါသထွက်စွာအော်လိုက်သည်။စိတ်ကိုလည်း လျော့မရပေ။ ကိုယ့်လက်ထဲရောက်လာတော့မဲ့ အခွင့်အရေးတစ်ခုက်ု ဖျက်လုခံရရင် စိတ်ထဲ မကျေမချမ်းဖြစ်တာ လူတိုင်းပဲမဟုတ်လား။
သုတကတော့ ပိုင်ထက်သျှားရဲ့ရှေ့တွင် မတ်တပ်ရပ်နေဆဲပင်။
အရင်က ဘာကိစ္စလုပ်လုပ်အဆင်ပြေသလို
လေလံဆွဲရတဲ့အခါမှာလည်း လုရတယ် ဆိုတာရှားပေသည်။ အခုတလောမှ လေလံပွဲတွင်လည်း ကိုယ်လိုချင်တဲ့ပစ္စည်းအား သူများရသွားလေသည်။ ပိုင်ထက်တို့က ရှေးဟောင်းပစ္စည်းများကို လိုက်စုပြီး လေလံပြန်တင်သည့်ကုမ္ပဏီပင် ဒါကြောင့်လည်းရှေး‌ဟောင်းပစ္စည်းနဲ့ပတ်သတ်သည့်လေလံပွဲတိုင်းလိုလို တတ်ရောက် လေလံစွဲလေ့ရှိသည်
သို့သော်လည်း ဒီတစ်ခါပစ္စည်းက သူများလက်ထဲပါသွားပြန်လေသည်။ ဘယ်သူကများ ကိုယ်ထက် ပိုပေးနိုင်သလဲ သိချင်တာကြောင့် စုံစမ်းလိုက်တိုင်း ရလာတဲ့ အဖြေက ထက်မာန်ကုမ္ပဏီက လွဲရင် ဘာမှမသိရတော့ စိတ်က‌တိုလားတော့သည်။
ပိုင်ထက် သုတအား ကြည့်လိုက်ကာ
"သုတ ငါ အဲ့ကုမ္ပဏီရဲ့ CEO နဲ့တွေ့ချင်တယ် မင်းစီစဉ်ထားပေး"

"ဟုတ်ကဲ့ပါ သူဌေး ကျွန်တော် စီစဉ်ပေးထားပါ့မယ်။"

"အေး ခုတော့ အိမ်ပြန်လိုက်အုံးမယ် မင်းလဲဒီနေ့နားတော့"

_____________

နောက်တစ်နေ့ မနက်ထမင်းစားဖို့ပြင်တော့ ဝေယံနဲ့ထက်မြတ် မလာတာကြောင့် ထက်မာန်ထမင်းစားဖို့ ခေါ်ခိုင်းလိုက်တော့ နှစ်ယောက်လုံး မစားတော့ဘူးတဲ့။ ဘာလဲ ဒီနှစ်ကောင်က ပီတိ စားပြီးဗိုက်ပြည့်နေတာလား။ အဲ့လိုဆိုရအောင်လည်း သူ့တို့ကဘာပီတိတွေ စားထားလို့လဲ။

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now