15

336 19 2
                                    

Uni

ထက်မာန်လာပေးသွားသောဆေးဗူးကိုကိုင်ကာ ထက်မြတ် ဝေယံအား ဆေးထည့်ပေးရန်ပြင်လိုက်သည်။ သို့သော် ဆေးမထည့်ခင်

"ဝေယံရယ် ဘာလို့သွားသွား မေးနေရတာလဲ"
ဝေယံကကြောင်တောင်တောင်ဖြင့်

"ဘာကိုလဲ" ဟုဖြေသောအခါ ထက်မြတ်က

"ဘာကို ဘာရမှာလဲ အဲ့ဒီ ကောင်လေးအကြောင်းသွားသွားမမေးပါနဲ့လို့ ပြောထားတာကိုကွာ"

ထိုစကားကြားမှ ဝေယံက နားလည်သွားပြီး

"ငါက သိချင်လို့ပါကွာ ဘာလို့ အဲ့လောက်တောင် မပြောပြချင်ဖြစ်နေကြတာလဲ"

"မမေးပါနဲ့ကွာ အိမ်ပေါ်က ခေါင်းနဲ့ဆင်းနေရမယ် လာလာ ဆေးထည့်ရအောင်"ထက်မြတ်စကားကြောင့် ဝေယံထိတ်လန့်သွားကာ

"မထည့်ဘူး မြတ်နော် အဲ့တာ အရက်ပြန်တွေမို့လား ဘယ်နှခါလောက် ထည့်နေရမှာလဲ"ဝေယံရဲ့အမေးကြောင့် ထက်မြတ်က

"ဘာဘယ်နှခါထည့်ရမှာလဲ အရက်ပြန်ထည့်ရအောင် မင်းပဲ လုပ်နေတာလေ မစပ်ပါဘူး ငါမှုတ်ပေးပါ့မယ်"

"တော်ပြီ" ဂျစ်တစ်တစ်လုပ်နေတဲ့ ဝေယံကြောင့် ထက်မြတ် ‌ကုတင်ဘေးက စားပွဲပေါ်မှ ဆေးထုပ်အား လက်ညိုးထိုးပြကာ

"ဆေးမထည့်ရင် ဟိုမှာတွေ့တယ်မို့လား"
ထက်မြတ်ရဲ့ ညစ်ကျစ်ကျစ် အပြုံးတွေကြောင့် ဝေယံတစ်ယောက် ဆေးထည့်လိုက်ရတော့သည်။

အခန်းထဲမှ ဝေယံရဲ့ အရက်ပြန်စပ်လို့အော်သံနဲ့ ထက်မြတ်ရဲ့ ခြိမ်းခြောက်သံတို့က ဆူညံနေလေသည်။

_____________________________________

ကားပေါ်မှာ စောင့်နေတာ ကြာပြီဖြစ်တာကြောင့် လက်ကနာရီကို ပိုင်ထက် တစ်ချက်ကြည့်လိုက်ကာ

"သုတ မလာသေးဘူးလား ငါစောင့်နေတာ နှစ်နာရီတောင်ရှိနေပြီ"

ပိုင်ထက်ရဲ့အမေးကြောင့် သုတ တစ်ယောက်ယောက်အား ဖုန်းခေါ် မေးလိုက်ပြီးတော့မှ

"သူဌေး ဒီနေ့ ထက်မာန်လုပ်ငန်းစုက သူဌေးမလာဘူးတဲ့"

"ဪ ဒါဆို ငါတို့က အချိန်လာဖြုန်းမိနေတာပေါ့"  တကယ်ကို အချိန်လာဖြုန်းမိတာပင် ။ ရုံးဆင်းချိန်မတိုင်မီ ထက်မြတ် လုပ်ငန်းစုရဲ့သူဌေး စောပြန်မှာစိုးသည့်အတွက် လာစောင့်နေခြင်းပင်။ ထက်မာန်လုပ်ငန်းစုက သူဌေးက သိုသိုဝှက်ဝှက်နေတာကြောင့် တွေ့ဖူးသူမရှိသလောက်ပင်။ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စရှာရတာကလည်းထင်သလောက်မလွယ်တာကြောင့်  လူကိုယ်တိုင်မြင်ဖူးဖို့ လာစောင့်ခြင်းပင် ။ မလာဘူးဆိုလည်း မလာဘူးပေါ့။

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now