9

374 24 0
                                    

Uni

ကျတော်နိုးလာတော့ကျတော်အိပ်ခန်းထဲမှာပင်
ဘယ်သူမှတော့မရှိ

ဘာလဲဒီအိမ်ကလူတွေအကြင်နာတရားမရှိတာလား

ဒါကကိစ္စမရှိ။ ကျတော်ခုလုပ်မှာက
ဒယ်ဒီတို့ဆီသွားရမယ်

ဟုတ်တယ် တောင်ကြီးမှာ
ကျတော်စီးနေကျကားဂိတ်ရှိတယ်။ဒယ်ဒီတို့အသိဦးလေးပဲ ။ဟုတ်တယ်
ပိုက်ဆံမရှိရင်လည်း မိသားစုလိုပဲမို့ ပို့ပေးမှာအမှန်ပင်။

အဲ့ဒီကိုသွားရမယ်

ကျတော်အိပ်ခန်းထဲကနေထွက်ခဲ့ပြီး
အောက်ထပ်ကိုဆင်းလားစဉ်
မြင်လိုက်ရတာက

တံခါးဝမှာ ကျွန်တော် စရောက်ထဲက တစ်ခါမှမရှိဖူးတဲ့ သက်တော်စောင့်လိုလူနှစ်ယောက်

အဲ့နှစ်ယောက်ကခပ်တည်တည်ပင်
နားမှာက ကြိုးမဲ့နားကြပ်နဲ့
အရပ်က၆ပေ၂လောက်ရှိမယ်
ခန္တာကိုယ်တောက့်တာတော့အမှန်

မြင်မြင်ချင်းတော့ရှိန်သွားတာအမှန်
ကျတော်နဲ့မဆိုင်ဘူးထင်ပြီး

တံခါးကနေအပြင်ထွက်ဖို့လုပ်စဉ်

"အကိုလေးကမှာထားပါတယ်
အိမ်ထဲကအိမ်ပြင်မထွက်ပါနဲ့"

ကျတော်ဒေါသနည်းနည်းထွက်သွားသည်

"ဘာ ........
ဘာကိစ္စငါကအပြင် မထွက်ရမှာလဲ
ငါ့မှာအရေးကြီးကိစ္စရှိတယ်"

ကျတော်ပြောတော့ အရှေ့ကပိတ်ရပ်ကာ

"မရပါဘူး အကိုလေးကမှာထားတယ်
အေးဆေးနေပါ။ ပြောမရရင်
ကြိုးတုတ်ထားရပါလိမ့်မယ်"

"ဘာ  သေလိုက်   ငါအပြင်ထွက်မယ်"

ပြောပြီးကျတော်
အပြင်ထွက်မယ်အလုပ်

"တောင်းပန်ပါတယ်"

တစ်ခွန်းသာပြောပြီးကျတော်ကို
ချုပ်ကာ  လက်ပြန်ကြိုးတုတ်လေသည်
ကြိုးမမြင်လို့အပြင်ဇွတ်ထွက်တာပါ။

"ငါ့ကိုလွှတ် ဟေ့ကောင်တွေ
ပြောနေတာကြားလား"

ကျတော်လည်းအပြင်သို့ပြေးထွက်ဖို့
ပြင်လိုက်စဉ်

အနောက်ကလှမ်းဆွဲပြီးခြေထောက်ကိုပါ
ကြိုးတုတ်လေသည်

"ဟာ   လွှတ်ပေးပါဗျာ
ဘာတွေလုပ်နေကြတာလဲ
ကျတော်မှာအရမ်း အရေးကြီးတဲ့ကိစ္စရှိလို့ပါ"

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now