16

315 23 0
                                    

Uni

ဝေယံ သတိလစ်တယ်လို့ ကြားကြားချင်း ထက်မြတ်တစ်ယောက် အိမ်ကိုအမြန်ပြန်လာခဲ့လိုက်သည်။ အိမ်ရောက်ရောက်ချင်း ဝေယံရဲ့အခန်းလေးထဲ ပြေးဝင်လိုက်တော့ သတိမေ့နေတဲ့ ဝေယံအား မမဝတီက ဆေးတွေ သွင်းပေးကာ စစ်ဆေးတာတွေ‌မြင်မှ ရင်ထဲကအပူတွေကျသွားပြီး မင်းထက်ဘက်သို့လှည့်ကာ

"ကိုထက် ဘယ်လိုဖြစ်တာလဲ" ထက်မြတ်အမေးကြောင့် ထက်မာန် က

"မသိဘူး ထမင်းစားပြီးထ‌သွားဖို့လုပ်ရင်းမေ့သွားတာပဲ"

"ထမင်းစားပြီးမှ ဘာဟင်းတွေမို့လို့လဲ"

"ပုစွန်လေ" ထက်မြတ် ထင်သလိုပင်။ သက်ပြင်းဖွဖွ ချကာ

"ကိုထက် ရယ် ဝေယံက ပုစွန် Allergic ဗျ သူမပြောဘူးလား" ထက်မာန်က မပြောဘူးဆိုသော သဘောနှင့် ခေါင်းခါပြလိုက်သည်။

"ထင်သားပဲ ပြီးတော့ ဒီကောင်လေးက အရမ်းအားနည်းနေတယ် သူအရင်ကကော ဆေးကုသမှုခံယူဖူးလား" ဝတီက မေးလိုက်တော့ ထက်မြတ်က

"ဟုတ်မမ သူဆေးကုဖူးတယ်လို့တော့ ပြောတယ်"

"ဪ ဟုတ်ပြီ နောက်ကျမှ သေချာစစ်ဆေးပေးအုံးမယ် ခုတော့ ဆေးရုံပြန်သွားရမယ် "
ဝတီပြောရင်း ဆေးပစ္စည်းတွေလည်းသိမ်းလိုက်သည်။ ထက်မာန်ကတော့

"မအားတဲ့ကြားက လာပေးတဲ့အတွက်ကျေးဇူးပါပဲ မိသားစုဆရာဝန်ဆိုတာက နင့်ကိုဝန်ပိစေမိပြီ"

ထိုစကားကြားတော့ ဝတီးတစ်ချက်ပြုံးလိုက်ကာ

"မလိုပါဘူး ကဲ ငါသွားတော့မယ်"
"ငါ ပို့ပေးမယ်" ပြောပြီးတော့ ဝတီကို လိုက်ပို့ရန် ထက်မာန် အပြင်ဘက်သို့ ထွက်သွားလေသည်။

အခန်းထဲတွင် ကုတင်ပေါ်ထက်လဲနေသော ဝေယံနဲ့ ကုတင်ဘေးတွင် ရပ်နေသော ထက်မြတ် သာကျန်ခဲ့သည်။
ထက်မြတ် ဝေယံရဲ့ ဘေးနားကပ်ထိုင်ကာ

"စိတ်ပူလိုက်ရတာ တော်သေးတာပေါ့"

"ဘာတော်သေးတာလဲ သေတော့မလို့လေ" ဝေယံ့အသံကြောင့် ထက်မြတ် မျက်လုံးပြူးကာ
"ဝေယံ သတိရလာပြီးလား"

"အင်း"

"သက်သာရဲ့လား ခေါင်းကိုက်တာတွေ ခေါင်းမူးတာတွေကော" ထက်မြတ် ပြာယာခတ်စွာ မေးနေတာကြောင့် ဝေယံရယ် ချင်သွားသည်။

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now