23

161 4 2
                                    

မင်းထက်မာန်နဲ့ ဝေယံပိုင် တွဲဖြစ်သွားတာ တစ်ပတ်တိတိပင်ရှိပြီဆိုသော်လည်း ထိုတစ်ပတ်အတွင်းစကားလည်းမပြောဖြစ်ပေ။ မနက်ဆိုလည်း ဝေယံပိုင်ထသည့်အချိန်တွင် မင်းထက်မာန်က အလုပ်သွားပြီဖြစ်ပြီ ညဆိုလည်းနောက်တော်တော်ကျမှပြန်လာလေသည်။ မင်းထက်မာန်က သူဘာတွေလုပ်နေပါတယ်ဆိုတာမပြောသလို ဝေယံပိုင်ကလည်း မမေးပါ။ သူ့စည်းကိုယ့်စည်းဆိုတာရှိတာမို့။

__________________________

"တွေ့ရတာ ဝမ်းတော့သိပ်မသာပါဘူး"

ကြားလိုက်ရတဲ့အသံ‌ေကြာင့် ပိုင်ထက်သျှား ကော်ဖီသောက်နေရင်း အသံလာရာသို့ မော့ကြည့်လိုက်လေသည်။ သူ့ကို ပြုံးကာ ကြည့်နေတဲ့ မင်းထက်မာန် မဟုတ်သေးဘူး။
မင်းဘုန်းမာန်။

"ငါလည်း ဝမ်းတော့မသာမိဘူး။ မင်းကို အရောက်ပို့ပေးလိုက်တာကို ပြန်ရောက်လာတော့ စိတ်ထဲ သိပ်မပျော်ဘူးပေါ့ကွာ"

ထက်မာန် ပြန်မပြောပဲ ပြုံးရုံပြုံးလိုက်ကာ ပိုင်ထက်သျှားနဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လေသည်။ တစ်ယောက်နှင့် တစ်ယောက် အချိန်အတန်ကြာတဲ့အထိ ဘာစကားမှ မပြောဖြစ်ကြပေ။ တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူကတော့ ထက်မာန်ပင်။

"ဘယ်လိုလဲ သူများမိသားစုကိုဖျက်ဆီးပြီးတော့ စားဝင်အိပ်ပျော်ရဲ့လား"

ပိုင်ထက်သျှား ခနဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီးမှ

"လုပ်သင့်လုပ်ထိုက်တာ လုပ်ခဲ့တာပဲမပျော်စရာရှိပါ့မလား။ ဒါနဲ့ DNAစာရွက်မြင်တော့ တစ်ခုသတိရမိတယ် မင်းရဲ့အရင်မျက်နှာလေးကိုလေ။ တိတိကျကျပြောရမယ်ဆိုရင် ငါ့ကို ရိုကျိုးခဲ့တဲ့မျက်နှာလေးပေါ့"

ထိုစကားက ထက်မာန်ကိုစိတ်တိုစေသော်လည်း ထက်မာန်အပြုံးတစ်ချက်မပျက်ပေ။ ထိုင်ခုံမှ ထလိုက်ပြီး

"ကျွန်တော်သွားလိုက်ပါအုံးမယ်။ ဪ ဒါနဲ့ ဦးလေးဆိုသူက အောက်ပိုင်းသေသွားတော့ အလုပ်များနေတော့မှာပဲဗျာ။ တစ်ချိန်က ကျွန်တော့်ကို ရှိန်သွားစေတာတော့အမှန်ပဲ။အဲ့တာကြောင့် သတိရကြောင်း၊ ကျန်းမာ‌စေကြောင်း စာတောင် အခုလေးတင်ပို့ခိုင်းထားတယ်"

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now