11

395 24 0
                                    

Uni

ဦးရယ် ဘာတွေလုပ်နေတာလဲ
ကျတော်ကကော  ဦးအတွက်
မင်္ဂလာဆောင်မယ်
ဦးရယ်  ဘာတွေလဲဗျာ

ဘာမှမဖြစ်ဘူး
ဒါငါ့ကိုစနေတာ
ဟုတ်တယ်  ဦးငါ့ကိုစနေတာ

ဒါဆို ဟိုအမျိုးသမီးရဲ့ နာမည်ကကော
ဘယ်ကလာတာလဲ
ဦးတကယ်လက်ထပ်မှာလား

ဦးတစ်ခုခုတွန်းအားပေးခံရတာပဲဖြစ်မယ်
ဟုတ်တယ် ငါဦးကိုယုံတယ်

မဟုတ်သေးဘူး
ဦးငါ့အပေါ်အခုတလောဆက်ဆံတာတွေက
မူမမှန်ဘူး

တကယ်လားဦးရယ်
မဟုတ်ပါစေနဲ့လို့ ကျတော်ဆုတောင်းတယ်
အကယ်၍ဟုတ်ခဲ့မယ်ဆိုရင်တော့

ဟာ ငါဘာတွေတွေးနေတာလဲ
ဒီကိစ္စကမမှန်ဘူး
ဟုတ်တယ်မမှန်ဘူး

အခန်းထဲမှာ
ဘယ်လျှောက်လိုက် ညာလျှောက်လိုက်နဲ့
ကျတော့်အတွေးတွေ ဗျာများနေပြီမို့
လူကရူးချင်လာသည်

ခေါင်းတွေလဲပူထူနေပြီ
ဒဏ်ရာကလည်း နာနေတာမို့
အိပ်ဖို့သာ ဆုံးဖြတ်လိုက်ပြီး

ကုတင်ပေါ်သို့
တင်ပါးလွှဲလေးထိုင်စဉ်

"ဒေါက် ဒေါက် အကိုလေး သခင်ကြီးက စကားပြောချင်လို့တဲ့"

ကြာလိုက်ရတာ  ကိုယ့်နားကိုယ်ပင် မယုံချင်
သခင်ကြီး
ဦးမှာအမျိုးတွေရှိနေတာလား

ကျတော်လည်းတံခါးဖွင့်ပြီး
အောက်ထပ်သို့ဆင်းခဲ့လိုက်သည်

..........

"အော် ဆင်းလာသားပဲ"

ကြာလိုက်ရတာက ဧည့်ခန်းဆီမှ
သြဇာညောင်းတဲ့အသံဖြစ်သည့်အပြင်
အနောက်ကကြည့်တာတောင်
အရှိန်ကကြိးသဘ်

နည်းနည်းတော့ရှိန်သွားတာမို့
ကျတော်ကြောင်ပြီးကြည့်နေစဉ်
ထိုလူကြီးက ကျတော့်ဘက်ကိုလှည့်ကြည့်ပြီး

"မင်းက မင်းဘုန်းမာန်ထင်တယ်"

အရွယ်ကဒယ်ဒီတို့နဲ့မတိမ်းမယိမ်းပင်

နှုတ်ခမ်းမွှေးကတော့ရှိပြိး
ဦးနဲ့ရုပ်ချင်ဆင်နေတာတွေ
ဦးမှာမိဘမရှိတော့ဟုကြားထားသော်လည်း
ဒီလူက  ဘယ်သူဖြစ်သိကိုတော့မသိ
ထိုလူရဲ့မျက်နှာက  ခပ်ထန်ထန်နဲ့
မာနကြီးပုံရသည်

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now