Chap 1 (Part 1)

8.4K 875 4
                                    

Zaw

တက္ကသိုလ် ဝင်ခွင့်ရပြီးတဲ့နောက် ရွှီနျန် ပထမဆုံး လုပ်သော အရာသည် သူ၏ နေမကောင်းဖြစ်နေသော မိခင် 'လီဖန်'ကို B မြို့သို့ သူနှင့်အတူ ခေါ်သွားနိုင်ဖို့ရာအတွက်   လုံလောက်သောငွေ ရနိုင်သလောက် စုဆောင်းဖို့ရန် မိသားစု အိမ်ဟောင်းကို ရောင်းချခြင်းပဲ ဖြစ်သည်။

ပြီးခဲ့သော နှစ်,နှစ်အတွင်းမှာ လီဖန် ၏ ကျန်းမာရေးသည် တစ်စစယိုယွင်းလာခဲ့ပြီးနောက် တဖြည်းဖြည်းနဲ့ ပိုပို ဆိုးလာခဲ့၏။
Uremia လို့ခေါ်တဲ့ ကျောက်ကပ်ရောဂါကြီးက သူမရဲ့ စိတ်ဓာတ်ကို အခြေခံအားဖြင့် ဖျက်စီးပစ်ခဲ့ပြီး ဖြစ်သည်။
ဒါကြောင့်မို့ သူမတစ်ကိုယ်လုံးဟာ အလွန်အမင်း နေမကောင်း ဖြစ်နေပုံပေါ်ပြီး ရထားထိုင်ခုံပေါ်မှာ အားနည်းစွာ အနားယူနေဖို့သာ တတ်နိုင်ခဲ့တယ်။

"အမေ"
ရွှီနျန် က ရေနွေးဘူးကို ဂရုတစိုက်နဲ့ မဝံ့မရဲ ကမ်းပေးလိုက်သည်။

"ရေနည်းနည်းသောက်လိုက်ပါ"

လီဖန် က သူမရဲ့ခေါင်းကို လှည့်လိုက်သည်။
သူမ၏ သားက သူမကို ရထားပေါ် လှည့်စားပြီး မခေါ်လာနိုင်ခင်တုန်းက သူမ ထွက်ပြေးပြီး မြစ်ထဲခုန်ချကာ သက်သေဖို့ ကြံစည်ထားခဲ့တာဖြစ်သည်။
ဒါပေမယ့် အဆုံးမှာတော့ ရွှီနျန်က သူမကို သူမထင်ထားတာထက်ကို ကောင်းကောင်း နားလည်နေခဲ့သည်။
ဒါကြောင့်မို့ နှစ်တစ်ဝက်လောက် ရုန်းကန်ခဲ့ပြီးတာတောင်မှ Yamaအရှင် ကို တွေ့ဖို့ရန် သူမအောင်အောင်မြင်မြင် မထွက်ခွာနိုင်ခဲ့သေးပေ။

သူမသားက လူကောင်းလေးဖြစ်ပြီး ရိုသေကိုင်ရှိုင်းတတ်တာက ကောင်းသောအရာဖြစ်သည်။
သို့သော်လည်း လီဖန် က ဒီလောက်ထိ ဒုက္ခပေးသူမဖြစ်ချင်ပေ။ သူမ နေမကောင်း ဖြစ်နေခဲ့တာက နှစ်နှစ်တောင် ကြာသွားခဲ့ပြီဖြစ်ပြီး သူမယောက်ကျာင်္း မတော်တဆကြောင့် ဆုံးပါးခဲ့ပြီးနောက် ရရှိခဲ့သော အာမခံလျှော်ကြေးငွေတွေဟာလည်း ကုန်သလောက် နီးပါးဖြစ်နေခဲ့ပြီ။
သူမရဲ့သားက ခက်ခက်ခဲခဲ အားထုတ်ကြိုးပမ်းမှုနဲ့ တက္ကသိုလ်ဝင်ခွင့် ရရှိခဲ့တာဖြစ်ကာ ကုန်ကျစရိတ်ဟာ လည်း တော်တော်များများ လိုအပ်လိမ့်မှာ ဖြစ်သည်။
သူမတွေးခဲ့တာက 'သူမသာ သေဆုံးခဲ့လျှင်၊ ပြီးတော့ သူမတို့၏ မိသားစုအိမ် ရောင်းချ ပြီးခဲ့လျှင် သူမရဲ့ သားသည် မြို့ကြီးကို သွားပြီး တက္ကသိုလ် တက်ဖို့ရန် ငွေလုံလောက်လိမ့်မည်။ ထို့နောက်တွင် အလုပ်တစ်ခုရပြီးနောက် အောင်မြင်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်နိုင်လိမ့်မည်' ဟု။

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now