Chap 15

3.5K 679 28
                                    

Zaw

ချန်းချန်းက သူ့ကိုယ်သူ ဂေးတစ်ယောက် ဖြစ်လာလိမ့်မလားဟု တစ်ခါလေးတောင်မှ မတွေးခဲ့ဖူးပေ။ လက်ရှိအချိန်တွင်ပင် သူက တခြားသော လိင်တူ နှစ်သက်သူများနှင့် မတော်တဆ ကြုံကြိုက်မိသည့်အခါမျိုး၌ စိတ်မသက်မသာဖြစ်ခြင်း သို့မဟုတ် မနှစ်မြို့ခြင်းကို ခံစားနေရဆဲပင်ဖြစ်သော်လည်း ရွှီနျန်သည်ကတော့ ကွဲပြားခြားနားလေသည်။

ဤခံစားချက်က 'ဘာဖြစ်သည်မှန်း' သူကိုယ်တိုင်ပင် သိမနေခဲ့ချေ။

ရွှီနျန်နှင့် ပတ်သတ်သမျှ ဘယ်အရာတစ်ခုကမှ ဘယ်တုန်းကမှ၊ တစ်ခါလေးတောင်မှ သူ့အား စိတ်မသက်မသာ သို့မဟုတ် မနှစ်မြို့စိတ်တို့အား မဖြစ်ပေါ်စေခဲ့ဖူးပေ။

သူ့မျက်လုံးထဲတွင်တော့ ထိုကောင်လေးသည် စစ်မှန်ကာ ချစ်စရာကောင်းပြီး  တာဝန်သိ ဂရုစိုက်တတ်တဲ့သူတစ်ယောက်ဖြစ်၏။

သူ့ပြုံးလိုက်သည့်အခါတို့တွင် ချစ်စရာကောင်းသော သွားစွယ်လေးနှစ်ခုအား ဖော်ပြလိမ့်မည်ဖြစ်သည်။ သူ မပျော်သည့် အချိန်များတွင်တော့ သူက သင့်အား လစ်လျူရှုလိမ့်မည် ဖြစ်ပေမယ့် သူ့ဒေါသတွေကတော့ လျင်လျင်မြန်မြန်ပဲ လွင့်ပြယ်သွားလိမ့်မည်သာဖြစ်သည်။ အတိုချုံး ပြောရလျှင်တော့ သူသည် အတော်လေးနွေးထွေး စိတ်ရှည်ကာ နူးညံ့၏။

ရွှီနျန်သည် အမြဲတမ်းလိုလို အလွန် နာခံတတ်သည်။ သူက ငြင်းဆန်ခြင်းမျိုးလည်း မလုပ်တတ်ဘဲ အမြဲပင် တခြားသူများက သူ့အား နှစ်သက်လာအောင် လုပ်နိုင်လေ၏။

ရှီလျန်ရှန်းသည် စည်းရုံးဖျောင်းဖျခြင်း စကားလုံးများအား ထိုအဆင့်မျှသာ  ပြောနိုင်လေသည်။ ချန်းချန်က နားထောင်သည် ဖြစ်စေ နားမထောင်သည်ဖြစ်စေ ၎င်းသည်က နောက်ထပ် ကိစ္စတစ်ခုပင်။

အဆုံးတွင်တော့ ရှီလျန်ရှန်းက အကြံဥာဏ်တစ်ခု ပေးလိုက်၏။

"အင်း ၊ ဒါက မင်းသူ့ကို ထာဝရ ခေါ်မထားနိုင်ဘူးလို့တော့ မဆိုလိုပါဘူး"

ချန်းချန်ကတော့ အထင်မြင်သေးစွာဖြင့် ပြောသည်။

"ငါ တစ်စုံတစ်ယောက်ကို ခေါ်ထားနိုင်ဖို့အတွက် မင်းရဲ့ခွင့်ပြုချက်တောင်းဖို့ ဘယ်တုန်းကတည်း လိုသွားတာပါလိမ့်နော်?"

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now