Chap 4

3.8K 748 6
                                    

Zaw

ရွှီနျန်သည် သူ့ Suger Daddy ကြီး၏ ပေါင်ပေါ်ထိုင်လျက် အမဲသားထမင်းကို အပြတ်ရှင်းလိုက်သည်။

ချန်းချန်တစ်ယောက် ဤအတွေ့အကြုံအသစ်ကြောင့် တကယ့်ကိုပင် အတော်လေး နာကျင်ခံစားရလောက်မည်မှန်း သူပြောနိုင်သည်။ နောက်တော့ အားလုံးက ပြန်ကြရန် ပြင်ဆင်ကြသည့်အချိန်တွင် သူသည် ချက်ချင်း ထရပ်ကာ ရွှီနျန်အား ယင်ကောင်တစ်ကောင်ကို အဝေးသို့ ရိုက်ထုတ်သကဲ့သို့ အဝေးသို့ တွန်းထုတ်လိုက်လေသည်။

ရွှီနျန်ကတော့ ထိုသည်ကို စိတ်မဆိုးဘဲ ရိုးရှင်းစွာပင် ချန်းချန်၏ နောက်မှ သူ့အသိစိတ်ဖြင့်  သတိရှိရှိ လိုက်သွားသည်။ နာမည်ကြီး ဆယ်လီကောင်လေး၏ခါးကို  လက်မောင်းတစ်ဖက်ဖြင့် ရစ်ပတ်ကာ ချစ်ကြည်စယ်နေသော သခင်လေးချင်သည် တံခါးအဆုံးဝ၌ အားလုံးကို သာမန်ကာလျှံကာ နှုတ်ဆက်စကားပြောသည့်အချိန်၌ ရွှီနျန်သည် တာဝန်ကျေစွာဖြင့် သူ့ကျေးဇူးရှင်ကြီးထံသို့ သွားလိုက်ကာ သူ့ကိုယ်သူ ထိုလူကြီး၏ လက်မောင်းကြားတွင် အဖက်ခံလိုက်သည်။

ချန်းချန် : "......"

သခင်လေးချင်က ရယ်သွမ်းသွေးလိုက်ကာ

"ခင်ဗျား ကလေးလေးကတော့ တကယ့်ကို ချိုကြည်အေးလေးပါပဲ"

မူလက ရွှီနျန်ကို တွန်းဖယ်ရန် ပြင်သော ချန်းချန်၏ လက်သည် ဦးတည်ရာသို့ မရောက်မီ တွင် တောင့်တောင့်ကြီး ရပ်တန့်သွားသည်။ ထို့နောက် သူက ရည်ရွယ်ချက်ရှိစွာဖြင့် လေးနက်သော်လည်း ကျေနပ်နေသည်ကို မဖုံးနိုင်သည့် အသံဖြင့် ပြောလေ၏။

"နျန်နျန်က ကျွန်တော့်ကို အရမ်းကပ်လွန်းတယ်"

သခင်လေးချင်က စုတ်သပ်လိုက်ကာ သူ့ဘေးမှ ဆယ်လီလေးကိုပြောလိုက်သည်။

"သူ ဘယ်လိုလုပ်လဲ ကြည့်စမ်းပါဦး"*

ရွှီနျန်၏ အပြုံးသည် လုံးဝ ပြီးပြည့်စုံသည်မို့ မည်သူပင် ကြည့်ကြည့် သူသည် ချန်းချန်ကို မယုံနိုင်လောက်အောင် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးနေသည်ဟုသာ မြင်ကြမှာ ဖြစ်သည်။
သခင်လေးချင်နှင် ကျန်သူများအားလုံး ထွက်ခွာသွားပြီးချိန်တွင်တော့ ရွှီနျန်သည် သူ့လက်ကို လျှင်မြန်စွာ ဖယ်လိုက်သည်။

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now