Chap 22

3.2K 626 17
                                    

Zaw

အသေးစိတ်ကအစ လုပ်ရမည်ဆိုလျှင် ဆလပ်ရွက်ကို အချည်တည်သည့် လုပ်ငန်းစဉ်မှာ ရိုးရှင်းတယ်လို့ မဆိုနိုင်ပါချေ။

ချန်းချန်သည် ရွှီနျန်တစ်ယောက် ဆလပ်ရွက်များကိုဆေးကာ ဇလုံကြီးကြီးထဲထည့်ပြီးနောက် ဆော့စ်ကို ဆလပ်ရွက်များအပေါ်မှ ဖြန့်ထည့်လိုက်ကာ  ဇလုံအောက်ခြေတွင် သေသေသပ်သပ် နေရာချ၍ ဟင်းပွဲ အပြီးသတ်လိုက်သည်ကို ကြည့်နေခဲ့သည်။

"ခင်ဗျား မြည်းကြည့်ချင်လား?"

ရွှီနျန်က သူ့အား ဆော့စ်ကို ကမ်းပေးရင်းဖြင့် မေးလိုက်သည်။

ချန်းချန်၏ အမူအရာက ၎င်းအား အနည်းငယ် မကြိုက်သည့်ပုံ ပြနေသည်။ သူက အမဲလိုက်ခွေးကဲ့သို့ ရွှီနျန် အချည်တည်ထားပြီးသည့် ဆလပ်ရွက်များအနီးသို့ တိုးကပ်ကာ အနံ့ခံကြည့်နေလေ၏။ ထို  မျက်မှောင်ကြုတ်လျက်ဖြင့် သူ့နှာခေါင်းကို ရှုံချည်ပွချည် လှုပ်ရှားနေသည့် မြင်ကွင်းမှာ အတော်လေး ရယ်ရွှင်ဖွယ် ကောင်းလှပေသည်။

ရွှီနျန်က ပြုံးကာ ပြောလိုက်သည်။

"ခင်ဗျားနည်းနည်း မြည်းကြည့်လို့ရတယ်။"

'ငါ ဘယ်လိုမျိုး မြည်းကြည့်ရမှာလဲ?' ဆိုသည့် မေးခွန်းက ချန်းချန်၏မျက်နှာ တပြင်လုံးတွင် အထင်အရှားရေးသားထားလျက်။

ရွှီနျန်က သူ့လက်ချောင်းထိပ်ဖျားလေးဖြင့် ဆော့စ်အနည်းငယ် နှိုက်ယူလိုက်ပြီး သူ၏ဘော့စ်ဖြစ်သူအား လိုက်လုပ်ရန် အမူအရာပြလိုက်သည်။ သို့သော်လည်း ချန်းချန်ဆိုသည်မှာ ဘယ်သောအခါမှ လုပ်ရိုးလုပ်စဉ် သမာရိုးကျ လော့ဂျစ်များအတိုင်း လိုက်မလုပ်တတ်သူ ဆိုသည်ကို သူ သိသိသာသာပင် မေ့နေခဲ့မိသည်။

သူ့လက်ကောက်ဝတ်အား ဆုပ်ကိုင်ခံလိုက်ရချိန်အထိ ရွှီနျန်သည် အခြေအနေအား သဘောမပေါက်ခဲ့သေးချေ။ ချန်းချန်၏ မျက်နှာက သူ့အနီးသို့ နှောင်းနှေးခြင်းမရှိ လျင်မြန်စွာ နီးကပ်လာပြီးနောက် တဖက်လူ၏ လျှာက သူ့လက်ချောင်းထိပ်ဖျားတစ်ခုလုံးအား တစ်က္ကန့်အတွင်း ပွတ်ဆွဲသွားခဲ့လေ၏။ ဤအထိအတွေ့သည်ကား ရေနွေးပိုက်မျက်နှာပြင်တွင် စုစည်းနေခဲ့သည့် ရေနွေးနွေးတစ်စက်က အရေပြားထက်သို့ 'ပလောက်'ခနဲ ကျလာသကဲ့သို့ပင်။

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now