Chap 5

3.8K 774 11
                                    

Zaw

နောက်တစ်နေ့တွင်ရွှီနျန်သည် စောစောထကာ လီဖန် ကျောက်ကပ်ဆေးရန်အတွက် အတူသွားခဲ့သည်။ ဆရာဝန်သည် ရွှီနျန်ကို ခေါ်လိုက်ကာ လတ်တလော၌ ဆေးရုံကုတင်များတွင် လူနာအပြည့်ဖြစ်နေပြီး လုံလောက်မှု မရှိ ကြပ်တည်းသော အခြေအနေကြောင့်  သူတို့အတွက် ကုတင် ထပ်ပေးနိုင်တော့မည် မဟုတ်ကြောင်းနှင့် ဆေးရုံဆင်းရန် ဆွေးနွေးခဲ့သည်။

နေ့လည်ပိုင်းတွင် ရွှီနျန်သည် နေ့လည်စာဝယ်ရန်ထွက်လာချိန်၌ သူနှင့်မလှမ်းမကမ်းတွင် ATM စက်တစ်လုံးကိုတွေ့သောကြောင့် ဘဏ်ကဒ်ထဲရှိ ပမာဏကို စစ်ဆေးကြည့်လိုက်သည်။ တစ်အနောက်တွင် သုည ငါးလုံး ပါသော ကိန်ဂဏန်းကို ကြည့်ရင်း သူသည် အခြေခံအားဖြင့် လပေါ်သို့ရောက်သွားသကဲ့သို့ ခံစားလိုက်သည်။

သူက ငွေတချို့ထုတ်လိုက်ပြီး အိမ်သွားကြည့်ကာ သူသဘောကျသော အိမ်တစ်လုံးကို တခါတည်းပင် စရံငွေ ချေလိုက်သည်။ သူတို့သည် ညစာပင် မစားတော့ဘဲ သိမ်းစရာရှိသည်များ သိမ်းဆည်းကာ အထုတ်အပိုးများနှင်အတူ တစ်ခါတည်း ပြောင်းရွှေ့လိုက်ကြတော့သည်။

အစည်းအဝေးလုပ်နေစဉ်အတွင်း ချန်သိသည် သူ၏ အိပ်ကပ်ထဲရှိဖုန်းမှ မက်ဆေ့ရောက်ကြောင်း အသိပေးသည့် တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။
သူ ဖုန်းကို ထုတ်လိုက်ကာဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် သူ့မျက်လုံးများတုန်သွားလေသည်။

ချန်းချန်သည် ပုံမှန်အားဖြင့် အစည်းဝေးများကို တက်လေ့မရှိပဲ အစည်းဝေးရလဒ်များကိုသာ နားထောင်လေ့ရှိသည်။ မန်နေဂျာ အသီးသီးက သူ့အလုပ်စားပွဲတဝိုက် စုစည်းကာ သူတို့၏ အစီရင်ခံစာများကို တင်ပြသည့်အခါ၊ သူက ပြသနာတစ်စုံတရာ မရှိဟု ယူဆလျှင် စာရွက်စာတမ်း၌ လက်မှတ်ထိုးပေးသည်။

သူ စာရွက်စာတမ်းအားလုံးနီးပါး လက်မှတ်ထိုးပြီးချိန်တွင် ချန်သိ ဝင်လာကာ သူဖုန်းကို ထုတ်၍ သူ့(CC)အား ကြည့်ရန်ပေးလိုက်သည်။

ချန်းချန်က အေးစက်စက်မျက်နှာဖြင့် ဖုန်းမျက်နှာပြင်ပေါ်ရှိအကြောင်းအရာတို့ကို ကြည့်လိုက်၏။ သူက နှာခေါင်းရှုံလိုက်ကာ သူကိုင်ထားခဲ့သည့် ဘောပင်ကို စာချုပ်စာတမ်းပုံထက်သို့ ပစ်တင်လိုက်သည်။

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now