Chap 21

3.2K 594 14
                                    

Zaw

ရွှီနျန်သည် ချန်းချန်ကို အိမ်သို့ အမှန်ပင် ခေါ်မသွားချင်ပေမယ့်လည်းပဲ လီဖန်၏ လျှံဖိတ်နေသည့် ဧည့်ဝတ်ကျေပျူငှာချင်စိတ်အား ဆန့်ကျင်တိုက်ခိုက်ရသည်မျိုးကိုလည်း မလုပ်နိုင်သောကြောင့် အဆုံးမှာတော့ အလျှော့ပေးလိုက်ဖို့ရန်သာ တတ်နိုင်တော့သည်။

သူ့အနေနှင့် ချန်းချန်ကို ဖိတ်ကြားရန်ကိစ္စနှင့် ပတ်သတ်ပြီး အနည်းငယ် ရှက်ရွံ့နေသည့်အတွက် ထိုစကားကို ထုတ်ပြောရန် နည်းလမ်းမှန်တစ်ခု ရှာရန် ကြိုးပမ်းရသေးသည်။သို့သော်လည်း နောက်ဆုံးမှာတော့ ခပ်ဝါးဝါး မသဲမကွဲဖြင့်သာ ပြောလိုက်တော့၏။

"ကျွန်တော့်အမေက ခင်ဗျားကို ကျွန်တော်တို့နဲ့ ထမင်းတစ်နပ်လောက်အတူစားဖို့ အိမ်ကို ဖိတ်ခိုင်းလိုက်တယ်"

ချန်းချန်က သူ့ကို တည်ငြိမ်စွာဖြင့် မျက်တောင်မခက်တမ်း  ကြည့်လာသည်။

"ငါ့ကို ဘာလို့ ထမင်းစားဖိတ်တာလဲ?"

ရွှီနျန်က ပြုံးကာ ပြောလိုက်သည်။

"ခင်ဗျားကို ကျေးဇူးတင်ကြောင်းပြောချင်လို့ပါ"

ချန်းချန်က နှာမှုတ်လိုက်သည်။
သူက လက်ခံသည်လည်းမပြော ငြင်းလည်း မငြင်းခဲ့ပေမယ့် အလုပ်ပြီးသည့်အချိန်တွင် ချန်သိအား ရွှီနျန်တို့၏ ငှားထားသောအိမ်သို့ မောင်းပို့ခိုင်းလေသည်။

လီဖန်က တံခါးရှေ့တွင် အစောကြီးကတည်းက စောင့်နေခဲ့တာဖြစ်သည်။

ရွှီနျန်က ကားပေါ်မှအရင်ဆုံးဆင်းလိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် ချန်းချန်ကလည်း ဇီဇာကြောင်နေခြင်းမရှိဘဲ ရိုးရှင်းစွာပင် နာနာခံခံဖြင့် လိုက်ဆင်းလာသည်။
သူက လီဖန်ကို မြင်သောအခါ သူမအား "အန်တီ" ဟုပင် နှုတ်ဆတ်လိုက်သေးသည်။

လီဖန်သည် အမှန်ပင် အနည်းငယ် ရှက်သွေးဖြန်းသွားကာ၊

"မစ္စတာချန်းက အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ"

ချန်သိက ထွက်သွားဖို့ရန် စီစဉ်ထားတာ ဖြစ်ပေမယ့်လည်း လီဖန်၏ တားဆီးခြင်းကို ခံလိုက်ရလေ၏။

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now