Chap 6

3.7K 748 42
                                    

Zaw

ရွှီနျန်သည် ထို ယွမ် တစ်သိန်းကို နည်းနည်းလေတောင်မှ ချန်မထားဘဲ အကုန်သုံးပစ်လိုက်ပြီးဖြစ်သည်။

သူက ထိုငွေဖြင့် အိမ်ငှားခတစ်နှစ်စာကို ပေးချေခဲ့တာအပြင် အိမ်အတွက် လိုအပ်သော အိမ်ထောင်ပရိဘောဂအသစ်များနှင့် အခြားလိုအပ်သော အသုံးအဆောင်များကိုပါ ဝယ်ယူခဲ့သေး၏။ ထို့အပြင် လီဖန် အတွက် အဝတ်အစားအသစ်များနှင့်၊သူကိုယ်တိုင်အတွက်လည်း အဝယ်အစားအသစ်တချို့ ဝယ်ယူခဲ့၏။

ဘဏ်အကောင့်ထဲမှ ငွေထုတ်ယူမှုသည် အတော်လေးလျှင်မြန်လှတာကြောင့် မျက်စိတစ်မှိတ် အတွင်းမှာ အကောင့်ထဲ၌ သုည တစ်လုံးတည်းသာ ကျန်ခဲ့လေသည်။

ရွှီနျန်သည် သူ့ကိုယ်သူ စုတ်စုတ်ပြတ်ပြတ်လေးကနေ ဘယ်လိုမျိုး အလွယ်တကူ ချမ်းသာလာခဲ့လဲဆိုတာကို မတတ်နိုင်စွာနဲ့ပဲ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်နေရတော့သည်။

"ငါ့မှာရှိသမျှအကုန်ပေးဆပ်ပြီး အလုပ်ကြိုးစားရမှာပဲ"

ရွှီနျန်က အလွန် စိတ်ထက်သန်စွာ တွေးလိုက်လေသည်။

အချိန်တိုတစ်ခုကုန်ဆုံးပြီးနောက် ချိန်းထားသော အချိန်အတိအကျတွင် ချန်သိသည် ရွှီနျန်ကိုကြိုရန် B တက္ကသိုလ်၏ ဝင်ပေါက်ကို ရောက်လာတော့သည်။

ရွှီနျန်အပြင်ကို ထွက်လာသည့်အချိန်၌ သူ့ခေါင်းကနေ ခြေဖျားအထိ အဝတ်အစားအသစ် များဖုံးလွှမ်းထားလျက် အတော်လေး ရှင်းသန့်ကာ တကယ့်ကို ဆွဲဆောင်မှု အပြည့်နှင့် ဖြစ်သည်။ သူ့အဝတ်အစားများမှာ နာမည်ရှိအမှတ်တံဆိပ်များဖြစ်ပြီး ဈေးလည်း မသေးလှကြောင်းကို ကြည့်ရုံဖြင့်ပင် သိနိုင်သည်။

သူက ကားထဲမဝင်ခင် ချန်သိကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သေးပေမယ့် ကားထဲဝင်ထိုင်ပြီးနောက်မှာတော့ မည်သည့်စကားမျှမဆိုတော့ဘဲ တိတ်တဆိတ်သာ လိုက်ပါခဲ့သည်။ ချန်သိက ကားမောင်းနေရင်းဖြင့်တွေးနေမိသည်က
'တကယ်ကိုပဲ ၊ ဒီ  စိတ်အားထက်သန်မှူလယ်ဗယ်ကတော့ ငါ့ ထက်တောင်မြင့်သေးတယ်' ဟု

"ဒီနေ့ပွဲက ဘော့စ် သူငယ်ချင်းရဲ့အိမ်မှာပဲလုပ်မှာမို့ အရမ်းကြီး သမာရိုးကျ ဆန်စရာမလိုဘူး"

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now