Chap 24 (Final Part)

6.3K 779 34
                                    

Warning: မက်ကျူးဝါး အွန်ထားပါတယ်နော်☻

Zaw

'လူပျိုစစ်စစ် တစ်ယောက်အနေနှင့် ပထမဆုံးအကြိမ်အား အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ရန် မည်သို့မည်ပုံ ဆောင်ရွက်ရမည်နည်း' ဆိုသည်မှာ လွယ်လည်းလွယ်ကူသလို တစ်ချိန်တည်းမှာပင် ခက်ခဲသည်ဟုလည်း ဆိုနိုင်၏။
ရွှီနျန်က အတွေ့အကြုံမရှိခဲ့ဖူးသူတစ်ယောက် ဆိုသော်ငြားလည်း သူသည် ထက်မြတ်ပြီး သင်ယူရသည်ကို နှစ်သက်သည့် လူငယ်လေးပင်။ ထို့ကြောင့် မတိုင်ခင်က သူကြိုးစားအားထုတ်ခဲ့သမျှနှင့် သူလှမ်းခဲ့သည့် ခြေလှမ်းတိုင်းသည် ဤအခိုက်အတန့်လေး အတွက်ပင် ဖြစ်လေသည်။

အမှန်အတိုင်း ပြောရလျှင် သူ့ကဲ့သို့  ပရောဖက်ရှင်နယ်ကျလွန်းကာ s*xလုပ်ကြဖို့ရန် အတော်လေး အဆင်သင့်ဖြစ်နေတတ်သည့် သကြားဘေဘီလေး ဆိုသည်မှာ ရှာတွေ့နိုင်ရန် တကယ်ပင်ခက်ခဲရှားပါးကာ ပြောရမည်ဆိုလျှင် သူမှလွဲ တစ်ခြားတစ်ယောက် ရှိကို မရှိနိုင်ပေ။

ဤကဲ့သို့သော အချိန်၌ နောက်ဆုံးတော့ ချန်းချန်သည်  ပုံမှန် သကြားဒယ်ဒီ တစ်ယောက်နှင့် တူလာပြီဖြစ်ပေမဲ့လည်း ထို သကြားဒယ်ဒီမှာ စိတ်လည်း အတော်လေး လှုပ်ရှားနေသေးလေ၏။ သူက လေ့လာမှုပြုထားမပြုထား ဆိုသည်ကို ရွှီနျန်မသိပေ။ တကယ်တော့ ချန်းချန်သည် နှစ်ပေါင်းများစွာ လိင်တူချစ်သူများအား ရွှံ့မုန်းသူတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည့်အပြင် သူ့ဒေါသသည်လည်း အတော်ပြင်းထန်ဆိုးရွားသည်မို့ သူ့အနေနှင့် ထိုလူကြီးအား တာဝန်သိတတ်ပြီး ဂရုစိုက်တတ်သူတစ်ယောက် ဖြစ်ဖို့ရန် မမျှော်လင့်ထားခဲ့ပါပေ။

သို့သော်လည်း လက်တွေ့ကတော့ အတော်လေး မမျှော်လင့်ထားစွာပင်။

သူ ရေချိုးကန်ထဲသို့ ရောက်သွားချိန်တွင် ချန်းချန်သည် အလေးအနက်ဖြစ်လာခဲ့သည်။ မင်္ဂလာဆောင်ပြီးစ ရှက်သွေးဖြာနေသည့် သတို့သမီးအသစ်လေးကဲ့သို့ အလေးအနက်ဖြစ် ပုံမျိုးမဟုတ်ဘဲ အတော်လေး ခက်ခဲရှုပ်ထွေးပြီး ဖော်ပြဖို့ရန် အလွန်ခက်သည့် အလေးအနက် ပုံစံမျိုး ဖြစ်သည်။

ရွှီနျန်သည်လည်းပဲ နည်းနည်းလောက် ရှက်သွားခဲ့သည်။

"ခင်ဗျား မျက်လုံးကို ပိတ်ထားမလားဟင်?"

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now