Chapter-1

2.2K 144 11
                                    

[Zawgyi]

Los Angeles International Airportတွင်​ ဆိုက်​​ရောက်​\ထွက်​ခွာ ​လေယာဉ်​တို့မှ ခရီးသည်​တို့ဖြင့်​ တိုးမ​ပေါက်​​အောင်​ စည်​ကား​နေ​လေသည်​။

ထိုထဲမှာမှ Luggage​ကို စိတ်​မပါလက်​မပါဖြင့်
ဆွဲလာသည့်​ အသားဖြူ ဖြူ ၊ အရပ်​ရှည်​ရှည်​နှင့်
အဝါ​ရောင်​ဆံပင်​ရှည်​တို့ရှိသည့်​ အာရှသား​လေးက
တော့ဖြင့်​ အထင်​ရှားဆုံးပင်​။

အပြာနု​ရောင်ဟူဒီ​လေးကို ဝတ်​ဆင်​ထားသည့်​ ထိုအာရှသား​လေးထံမှာ ​လေဆိပ်​ထဲမှ ပျို မဒီအ​တော်​များများ၏ အကြည့်​တို့က ​ဝေ့ဝဲ​ရောက်​ရှိ​နေ​လေ၏။

လူရှင်း​သော​နေရာ​ရောက်​တဲ့အခါမှ ဆွဲလာတဲ့ luggageကို​ ​နေရာချလိုက်​ပြီး သူက​တော့
အိတ်​​ပေါ်တက်​ထိုင်​လိုက်​ရင်း ​လေဆိပ်​ထဲကလူ
တွေကို ဟိုကြည့်​ဒီကြည့်​​လျှောက်​ကြည့်​​နေရင်းမှ
သူ့ကိုစိုက်​ကြည့်​​နေသည့်​ ​ကောင်​မ​လေးတစ်​​ယောက်​နှင့်​ အကြည့်​ချင်းဆုံသွားတဲ့အခါမှာ သူမျက်​လုံးတစ်​ဖက်​ မှိတ်​ပြလိုက်​မိသည်​။ အ​ရှေ့တိုင်းသူ​တွေလို
ရှက်​ပြုံး​လေးနှင့်​ မျက်​လွှာချသွားတာမျိုးမဟုတ်​ပဲ သူ့ကို fly kissပင်​ ပြန်​​ပေး​နေ​သော အနှီ​ကောင်​မ​လေး​ကြောင့်​ သူနည်းနည်း​တော့ သ​ဘောကျသွားမိသည်​။

ကြည့်​ရတာ Hwang Hyunjinတို့ LAမှာ
မပျင်းရ​တော့ဘူး ထင်​ပါရဲ့။

"​စောင့်​ရတာကြာသွားလား ငါ့​ကောင်​...လမ်းပိတ်​​နေလို့sryကွာ"

ထို​ကောင်​မ​လေးနှင့်​ သူအကြည်​ဆိုက်​​နေတုန်း
ခေါင်း​ပေါ်​ရောက်​လာသည့်​ ရိုက်​ချက်​တစ်​ခုနှင့်​အတူ
Andrewရဲ့ အသံကျယ်​ကျယ်​။

ကြည်​​နေတဲ့စိတ်​​လေးက သ​ကောင့်​သား​ကျေးဇူးနှင့်
နှောက်​သွားရပြီမို့ ထို​ကောင့်​​ခေါင်းကို တစ်​ချက်​ပြန်
ရိုက်​လိုက်​ကာ

"ကြာလှပြီငါ့​ကောင်​...မင်းကို​စောင့်​​နေရင်း ငါမိန်းမ
တောင်​ရ​တော့မလို့"

ဘုကလန့်​ပြန်​​ပြောလိုက်​သည့်​ သူ့အ​ပြောကို
Andrewက သ​ဘောကျစွာဖြင့်​ ​အော်​ရယ်​​နေရင်း

Saturday Night(Completed)Where stories live. Discover now