Chapter-10

641 82 17
                                    

[Zawgyi]

ဖေ​ဖေ့ကို ​ဆေးရုံလိုက်​ပို့ပြီး ပြန်​လာတာဖြစ်​တာ​မို့
ဆေးနံ့​တွေ ​​ပျောက်ရန်အလို့ငှါ ​​သူ ​ရေချိုးခန်းထဲဝင်​ကာ ​ရေချိုး​နေတုန်း ဖုန်းသံက ထမြည်​လာတာ​ကြောင့်​၊ ​အောက်​ပိုင်းကို သဘက်​နှင့်​အမြန်​ပတ်​ပြီး ​ကောက်​ကိုင်​လိုက်​​တော့ နှစ်​​ယောက်​မရှိနိုင်​ပါ​သော သူ့လူဆိုး​ကောင်​​လေး၏အသံဆာဆာ​လေးက ထွက်​​ပေါ်လာသည်​။

'ကိုကို!'

"​ဝေ"

'ဘာလုပ်​​နေလဲ'

"​ရေချိုး​နေတာ​လေ"

'Video call​ပြောရ​​အောင်​လေ​'

"ကိုကိုက​ရေစိုလက်​စကြီး​လေ...ပြီးမှ​ပြောရ​အောင်​​လေ​နော်​"

'Bathrobeအမြန်ဝတ်လိုက်...အခုကိုင်​​နော် အခု​​​​​'

"​အေးပါကွာ ​အေးပါ...တကယ့်​ငဂျစ်​​ကောင်​"

သူ ​ခေါင်းအသာရမ်းကာ ရယ်​​နေရင်း၊ ဝင်​လာ​သောဖုန်းကို ​ကိုင်​လိုက်​​တော့ ဂစ်​တာတစ်​လက်​ကိုကိုင်​ရင်း
သူ့ကိုပြုံးပြ​နေ​သော Hwangကို​တွေ့လိုက်​ရတာမို့

"ဘာ​တွေစတန့်​ထွင်​ဦးမလို့လဲ"

"ဘာမှမလုပ်​ပါဘူး​နော်​...သီချင်းဆိုပြမလို့"

"နား​ထောင်​ဖို့အဆင်​သင့်​ပါပဲဗျာ"

သူ စ​နောက်​လိုက်​သည့်​အခါ ပါးနှစ်​ဖက်​ မို့တက်​လာသည်​အထိ ပြုံးရယ်​တတ်​​သော Hwang Hyunjinရဲ့ပုံရိပ်​​လေး​တွေဟာ သူ့နှလုံးသားကို
တတိတိနှင့်​တိုက်​စားလွန်းလှ၏။

"အဟမ်း!...​သေချာနား​ထောင်​​နော်​ ကိုကိုက​လေး​လေး​ရေ"

Laptopအ​နေအထားကို ​သေချာပြင်​လိုက်​ပြီး
Screenထက်​မှ ​ကောင်​​လေး၏မျက်​နှာနုနုကို သူ
တစိမ့်​စိမ့်​​ငေးကြည့်​​နေမိသည်​။

မြင်​​နေရက်​နှင့်​လွမ်း​နေခြင်းဆိုတာ ဒါမျိုးများလား?

သူ​ငေး​နေဆဲမှာပင်​ ​ကောင်​​လေးက ဂစ်​တာကို စတင်​တီးခတ်​လာပြီး

"Just a smile and the rain is gone
Can hardly believe it yeah
There's an angel standing next to me
Reaching for my heart.....

Just a smile and there's no way back
Could hardly believe it yeah
But there's an angel calling me
Reaching for my heart...

Saturday Night(Completed)Where stories live. Discover now