Chapter-6

853 110 12
                                    

[Zawgyi]

ဖေ​ဖေနှင့်​ရန်​ဖြစ်​ပြီး LAကို တစ်​ကိုယ်​တည်း
ထွက်​လာခဲ့တဲ့အ​ကြောင်းကို ကိုကိုသိ​တော့
လူကြီးနှင့်​ရန်​ပြိုင်​ဖြစ်​ရလားဆိုပြီး သူ့ကိုဆူသည်​။
တကယ်​​တော့ ကိုကိုက လူရိုးလူ​အေး​လေးမို့
မသိတာ၊ ဘယ်​​တော့မဆို သူတို့ပဲအမြဲမှန်​တယ်​လို့
ထင်​​နေတတ်​ကြတဲ့ လူကြီး​တွေရဲ့အမိန့်​​တွေကိုသာ
တစ်​ခွန်းမခံ နာခံ​ပေးလိုက်​ကြည့်​...သူတို့ပုံစံခွက်​​တွေထဲ လူကိုအတင်းထည့်​ကြ​တော့မှာ။

တခြားသူမကြည့်​နဲ့ဦး...လူငယ်​အချင်းချင်း​တောင်
တစ်​ခါမှမ​တွေ့ဖူးတဲ့ မမSoo Jinနဲ့ သူ့ခင်​ပွန်း​လောင်းကိုပဲကြည့်​​တော့။ လူကြီး​တွေ စီစဉ်​​ပေးထားတာကိုသာနာခံ​နေကြရတာ၊ အခုထိ လူငယ်​ချင်းကဖြင့်
မ​တွေ့ဖူး​သေး။ လက်​ထပ်​ပြီးလို့ အတူ​နေတာကြာရင်
ချစ်​သွားကြမယ်​ဆိုတဲ့​လော့ဂျစ်​က တကယ်​​တော့
တလွဲပဲ။ ချစ်​သူဘဝက​နေ အဆင့်​တက်​သွားတဲ့
အိမ်​​ထောင်​ဖက်​ဆက်​ဆံ​ရေး​တွေ​တောင်​ မတည်​မြဲတာကို အဲ့လိုအချစ်​မပါတဲ့ အိမ်​​ထောင်​​ရေး​တွေက​ရော တည်​မြဲနိုင်​ပါ့မလား?

သူက​တော့ရှင်းတယ်​။ ​ယောက်ျား​လေးချင်းမကလို့
ဘာကြီးပဲဖြစ်​ဖြစ်​ သူချစ်​မိသွားတဲ့သူ...သူချစ်​ရတဲ့သူက Lee Felixဖြစ်​​နေတာမို့ ဒီဘဝမှာ အဲ့ဒီလူကိုမှမရရင်​ သူအိမ်​​ထောင်​မပြု​တော့ဘူး။ သူ ရည်းစားများခဲ့တာမှန်​တယ်​...ဒါ​ပေမဲ့ ဘယ်​ရည်းစားနဲ့မှ အဆင့်​မ​ကျော်​ခဲ့ဖူးဘူး။ တစ်​ချိန်​ချိန်​မှာ ရင်​ဘတ်​နဲ့ရင်းပြီး
ချစ်​ရမဲ့သူများ​ပေါ်လာခဲ့ရင်​ဆိုတဲ့ အ​တွေး​လေးနဲ့
လူသားဆန်​ဆန်​​စောင့်​ထိန်းခဲ့မိလို့ ကိုယ့်​ဟာကိုယ်​​တောင်​ ​ကျေးဇူးတင်​မဆုံးပဲ။

အချစ်​ကအချစ်​ပဲ​လေ...ဘာ​တွေ တုံ့ဆိုင်း​နေမှာလဲ?
လူသားဆန်​ပစ်​လိုက်​...ချစ်​ပစ်​လိုက်​။

ဟို​ရောက်​ဒီ​ရောက်​နှင့်​ အ​တွေးများ​နေသမျှက
မမSoo Jinဆီက ဖုန်းဝင်​လာမှ သူ့မှာ အမြန်
ကောက်​ကိုင်​ရသည်​။

"Helloမမ...​နေ​ကောင်းလား"

'​နေ​ကောင်းပါတယ်​ရှင်​...ငယ်​​လေး​ရော အဆင်​​ပြေရဲ့လား'

Saturday Night(Completed)Where stories live. Discover now