Chapter-5

798 113 18
                                    

[Zawgyi]

မချစ်​ချင်​လို့ ​ရှောင်​​ပြေး​နေမိတဲ့ သူ့ဆီကိုမှ
Hwang Hyunjinဆိုတဲ့ ချစ်​တတ်​လွန်းတဲ့
ကောင်​​လေးက ဆိုက်​ဆိုက်​မြိုက်​မြိုက်​ကြီးကို
ရောက်​လာသည်​။

ဘယ်​​လောက်​ပဲ ​ရှောင်​​ပြေး​နေပါ​စေ၊
အဲ့​ကောင်​​လေး သူ့အနားရှိ​နေရင်​ကို
ခုန်​​ပေါက်​​နေတတ်​တဲ့ နှလုံးသားကိုလည်း​လေ
ထုတ်​ထားလို့ရရင်​ သူဆွဲထုတ်​ပစ်​လိုက်​ချင်​ပါ၏။

Hwang Hyunjinက သူ့အတွက်​​တော့
နွေဦးရဲ့​လေရူး​လေးလိုပဲ။ ခဏတာဆုံ​တွေ့မှုအ​ပေါ်
ရင်​ခုန်​​နေမိတာကို 'အချစ်​'လို့ သူ ​ခေါင်းစဉ်
မတပ်​ပစ်​လိုက်​ချင်​ဘူး။ မတပ်​ရဲတာဆိုရင်​​တော့
ပိုမှန်​လိမ့်​မယ်​လို့ သူထင်​တယ်​။

မချစ်​မိချင်​တာမို့ သူက ​ဝေး​ဝေး​ပြေးတယ်​။
ဝေး​ဝေး​ပြေးတဲ့ သူ့​နောက်​ကို အဲ့​ကောင်​​လေးက
ထပ်​ကြပ်​မခွာ​ပြေးလိုက်​တယ်​။ ကဲ​ပြော...သူ
ဒီ​ကောင်​​လေးကို ဘယ်​လိုများကိုင်​တွယ်​ရမလဲ?

မနီးချင်​လို့ စည်း​တွေတားပြီး ထွက်​​ပြေး​နေမိတာကို၊
သူတားထားတဲ့ စည်းတစ်​ခုချင်းစီကို တဖြည်းဖြည်း
ချိုးဖျက်​​နေတဲ့ ဆံဝါ​ကောင်​​လေးဟာ သိပ်​ကို
ဆိုးလှပါသည်​။

စာလုပ်​​နေရင်း Hwangအ​ကြောင်းပဲ ​တွေး​နေမိတဲ့အခါ ကိုယ်​လုပ်​​နေတဲ့စာက ဘယ်​ဘာသာရပ်​မှန်း
မသိ​တော့တဲ့အထိ သူ့အ​တွေး​တွေကို အဲ့လူဆိုး​လေးကပဲ သိမ်းပိုက်​စိုးမိုးထားလိုက်​များ​နော်​။

အာရုံကို ဘယ်​လိုမှစုစည်းလို့မရတဲ့အခါမှာ
စာအုပ်​သိမ်းပြီး ထပြန်​ရ​တော့တာပါပဲ။

Hwang Hyunjin​ကြောင့်​ သူ စာကို
မလုပ်​ဖြစ်​​တော့ဘူး!

စာကြည့်​တိုက်​ထဲကအထွက်​ ​ထောင့်​ချိုးတစ်​ခုမှာ
ကောင်​မ​လေးတစ်​​ယောက်​နှင့်​ ဝင်​တိုက်​မိ​တော့
လဲကျသွားတဲ့ ​ကောင်​မ​လေးကို ထူမ​ပေးဖို့ရာ
လက်​အကမ်းမှာ ပုတ်​ထုတ်​ခံလိုက်​ရသည့်
သူ့လက်​နှင့်​အတူ တစ်​စုံတစ်​​ယောက်​၏ရင်​ခွင်​ထဲ
စွေ့ကနဲပါသွားသည့်​ ထိုအမျိုးသမီးငယ်​။

Saturday Night(Completed)Where stories live. Discover now