Chapter-12

540 69 30
                                    

(Unicode)

"မင်း ဒီလိုလုပ်လို့ရော ငါကမင်းကိုပြန်ချစ်လာမယ်ထင်လား?"

"အရင်ဆုံးသာ ရှင့်ကိုပိုင်ထားလိုက်ရင် ရှင်ပြန်ချစ်လာအောင် ကြိုးစားဖို့က သိပ်ခက်မယ်လို့ ကျွန်မတော့မထင်ဘူး"

"မင်းသိပ်မှားနေပြီ Hwang Soo Jin....ကိုယ့်နှလုံးသားထဲမှာ မင်းအတွက် နေရာမရှိဘူး။ ဒါကြောင့် ကိုယ်ဘယ်တော့မှလည်း မင်းကို ပြန်ချစ်လာမှာမဟုတ်ဘူး"

"ကျွန်မကြိုးစားမှာ"

တစ်ဖက်ကသူ၏ မလျှော့သော ဇွဲ၊လုံ့လတို့ကို သူ စိတ်ညစ်စွာဖြင့်ပင် ခေါင်းယမ်းလိုက်မိကာ

"အချစ်က လုပ်ယူလို့မရဘူး။ အဲ့လိုသာ လုပ်ယူလို့ရနေမယ်ဆိုရင် Hyunjinကို ကိုယ်ရူးရူးမိုက်မိုက်ချစ်မိခဲ့မှာမဟုတ်ဘူး။ မင်းသိရဲ့လား"

သူ့စကားအဆုံးတွင် တစ်ဖက်ခြမ်းမှ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်

"ဒါပေမဲ့ ကျွန်မကတော့ ရှင့်ကိုဘယ်တော့မှ လက်မလွှတ်ဘူး"

"အမှန်တရားတွေကို မင်း Hwangသိအောင် ပြောပြနိုင်ပါတယ်။ ဘာလို့လဲဆို မင်းပြောပြလိုက်လို့ သူပြိုလဲသွားတဲ့အခါ ဘေးကနေ ဖေးမနှစ်သိမ့်ပေးမဲ့သူအဖြစ် ကိုယ်ကရှိနေမှာဖြစ်သလို သူခံစားရသမျှကို ထပ်တူခံစားပေးမှာမို့ပဲ။ ကိုယ်ချစ်တဲ့သူရဲ့ အားငယ်တဲ့အချိန်တွေတိုင်းမှာ အတူရှိနေပေးဖို့ ကိုယ်ရွေးချယ်တယ်"

"ကျွန်မ မပြောရဲဘူးလို့ ရှင်ထင်နေလား! ကျွန်မ မလုပ်ရဲတာ ဘာမှမရှိဘူးနော်"

"ကိုယ်ပြောပြီးပါပြီ မင်းကြိုက်ရာကိုလုပ်နိုင်တယ်လို့။ ကိုယ်လည်း ကိုယ်ကြိုက်ရာကို လုပ်မှာမို့ အချင်းချင်း မျက်နှာနာနေစရာမလိုတော့ဘူးပေါ့ကွာ"

ပြောချင်ရာကို ပြောပြီးသည်နှင့် သူ ဖုန်းကိုချလိုက်ကာ၊ လေဆိပ်ကို အမြန်မောင်းမိသည်။

ကိုယ် မင်းကို အသေအချာရွေးချယ်ခဲ့ပြီးပြီမို့ မင်း ကိုယ့်ကို ကျောခိုင်းသွားလို့တော့ မရဘူးနော်....Hwang။

လေဆိပ်ကို ရောက်သည့်အခါ ၃နာရီကို ၁၅မိနစ်ပင်စွန်းနေပြီမို့၊ ဟိုဟိုဒီဒီ မျက်စိကစားကာ လျှောက်ရှာမိနေရင်းမှ Hyunjin၏ဖုန်းကိုလည်း တစ်ဖက်မှ မကိုင်မချင်း သူ တောက်လျှောက်ဆက်နေမိသည်။

Saturday Night(Completed)Where stories live. Discover now