Chapter-3

919 109 12
                                    

[Zawgyi]

LAရဲ့ နာမည်​ကြီးသလို လူသိလည်းများလှတဲ့
Rodeo Driveလမ်းမှာ သူ​ရောက်​​နေသည်​။

ရောက်ေ​​နရသည့် ​အ​ကြောင်းအရင်းက​တော့
သူ့​ရှေ့ခပ်​လှမ်းလှမ်းက ကင်​မရာ​လေးတစ်​လုံး
ကိုင်​ရင်း ဟိုဟိုဒီဒီ ​လျှောက်​ကြည့်​​နေတဲ့ လူသား
ကြောင့်​လို့ ဆိုရ​ပေမည်​။ ​အပူချိန်​​ကြောင့်​ နားထင်
ဘေးမှာ ​ချွေး​လေး​တွေ​တောင်​ စို့လို့ရယ်​။

ထိုလူသားက ​ရှေ့ကိုတစ်​လှမ်းတိုးရင်​ သူကပါ
ရှေ့တစ်​လှမ်းလိုက်​တိုးရင်း ​ထပ်​ကြပ်​မခွာလိုက်​​နေမိသည်​။ ​နောက်​က​နေ ပုန်းလျှိုးကွယ်​လျှိုးလိုက်​​နေရင်း
ရှေ့ကလူက ရုတ်​တရက်​ကြီး ​နောက်​ပြန်​လှည့်​လာသည်​မို့ သူလန့်​သွားရကာ အသက်​ရှူ ပင်​​အောင့်​ထားမိသည်​အထိ။

သူရှိရာကို တစ်​လှမ်းချင်း ​လျှောက်​လာ​နေ​သော
ထိုသူ့​ကြောင့်​ သတိအ​နေအထားနှင့်​ ခပ်​​တောင့်
တောင့်​ ရပ်​​နေမိ​တော့

"​​နောက်​​ကျောမလုံပါဘူး​တွေး​နေတာ...လက်​စသတ်​​တော့ မင်းကိုး...ကဲ​ပြော မင်းငါ့ကိုဘာလို့လိုက်
နှောင့်​ယှက်​​နေတာလဲ?"

လူမိုက်​လိုလို ဂန်းစတားလိုလိုနှင့်​ လက်​ပိုက်​ထားပြီး
သူ့ကို​မေး​ခွန်းထုတ်​​နေ​သော လူသား​လေးကို​လေ
အူယားလွန်းလို့ ​ကောက်ပြီး ​မြိုချပစ်​ချင်​စိတ်​ကို
သူ့မှာ မနည်းချွန်းအုပ်​ထားရသည်​။

"​နှောင့်​ယှက်​တယ်​လို့မသုံးနှုန်းရဘူး​လေ ကိုကိုရဲ့။
ကိုယ့်​အချစ်​ရှိရာ ကိုယ်​လာတာ ဆန်းသလား​ပြော"

"ဒီမှာ ငါရှင်းရှင်းပဲ​ပြောလိုက်​မယ်​။ မင်းဘာလို့များ
ဒီလို​တွေလုပ်​​နေလဲ​မသိ​ပေမဲ့ ငါ​ဂေးမဟုတ်​ဘူး"

"ကျွန်​​တော်​က​ရော​ဂေးလို့ ကိုကို့ကို​ပြောမိဖူးလား?"

ကပ်​တီးကပ်​ဖဲ့​ပြော​နေ​သောသူ့ကို ထိုလူသားက
စိတ်​ဆိုးလာပုံ​ပေါ်ပါသည်​။ လက်​သီးနှစ်​ဖက်​ကို
ဆုပ်​ထားပြီး မျက်​နှာနီရဲရဲ​လေးနဲ့ ခုန်​ဆွခုန်​ဆွလုပ်​​နေတာက ဒီလူ့မျက်​စိထဲမှာ သိပ်​ချစ်​ဖို့​ကောင်း​နေတာကို
အနှီလူသား ရိပ်​မိပါရဲ့လား?

Saturday Night(Completed)Where stories live. Discover now