Chapter-2

1K 122 12
                                    

[Zawgyi]

နေ​ရောင်​ခြည်​ဖျဖျက အိပ်​​ပျော်​​နေတဲ့ အလှတရား
လေးရဲ့မျက်​နှာနုနုထက်​မှာ ခစားလျက်​...သူက​တော့
ထိုအလှတရား​လေးအား မမှိတ်​မသုန်​​ ငေးကြည့်​နေမိ​လျက်​။

ဘေးတ​စောင်းအိပ်​​ပျော်​​နေတာမို့ စူထွက်​​နေသည့်
နှုတ်​ခမ်း​လေးကို သူအသာအယာ ထိ​တွေ့လိုက်​မိ၏။
ထို့​နောက်​ နှာတံချွန်​​လေးတစ်​​လျှောက်​ကို လက်​ညှိုးနဲ့ခပ်​ဖွဖွပွတ်​ဆွဲ​နေမိရင်းမှ ပါးနုနု​လေးကိုပါ ထိလိုက်​​တဲ့အခါ ဆန့်​မုန့်​လုံး​လေး​တွေလို ​ပျော့အိအိ​လေးမို့
သူသ​ဘောကျစွာဖြင့်​ ပြုံးလိုက်​မိသည်​။

သူမြင်​​နေရတဲ့ ဒီလူ့မှာ သူ့ကို အသစ်​အသစ်​​သော
ခံစားချက်​​တွေကို ​ပေးစွမ်းနိုင်​တဲ့ အစွမ်းသတ္တိမျိုး
ရှိတယ်​.....။

မျိုးတူ​ယောက်ျား​လေးတစ်​​ယောက်​မှန်း သိပါလျက်​နဲ့
ဒီလို​တွေ လုပ်​​နေမိတဲ့ သူ့ကိုယ်​သူလည်း ဒွိဟဖြစ်​မိပါရဲ့။

တကယ်​ဆိုရင်​ Hwang Hyunjinဆိုတဲ့သူက
ယောက်ျား​လေးချင်း စိတ်​ဝင်​စားတဲ့သူမှ မဟုတ်​တာ။

..........

တစ်​စထက်​တစ်​စ ပိုမိုစူးရှလာ​သော ​နေ​ရောင်​​ကြောင့်
သူ နိုးလာရ၏။ နိုးနိုးချင်းမှာတင်​ မြင်​လိုက်​ရတာက
အဝါ​ရောင်​ဆံနွယ်​​တွေကို ဖြစ်​သလို စည်း​နှောင်​ထား​သော ​ကောင်​​လေးတစ်​​ယောက်​က ​ထောက်​ထား​သော လက်​နှစ်​ဖက်​​ပေါ် ​မေးတင်​ရင်း သူ့ကို
စိုက်​ကြည့်​​နေခြင်းပင်​။

ရုတ်​တရက်​မို့ သူလန့်​သွားမိကာ အလန့်​တကြားနှင့်
ထထိုင်​မိ​တော့ အနှီ​ကောင်​​လေးကလည်း သူ့လိုပဲ
ထထိုင်​လာသည်​။

"မင်းဘယ်​သူလဲ...မင်းကဘာလို့ငါ့အခန်းထဲ​ရောက်
နေရတာလဲ? ထွက်​သွား!"

သူက ​ဒေါသတကြီးနှင့်​ နှင်​ထုတ်​​နေပါ​သော်​ငြား
ထိုလူသားက​တော့ ဂရုမစိုက်​သည့်​အလား သူ့ကိုပင်
ပြုံးပြ​နေ​သေးကာ

"အရက်​က အတိတ်​​ရော​မေ့​စေတတ်​လို့လား ကိုကို?
ကိုကို့အတွက်​ အချိန်​​ကောင်း​လေး ဖန်​တီး​ပေးခဲ့တဲ့
ကိုယ့်​ကို​မေ့ပစ်​တာ​တော့ သိပ်​ရက်​စက်​တာပဲ"

Saturday Night(Completed)Onde histórias criam vida. Descubra agora