Chapter-4

824 114 12
                                    

[Zawgyi]

စာအုပ်​ကိုပဲ တစိုက်​မတ်​မတ်​ ဖတ်​​နေတဲ့
Lee Felixကို ခုံ​ပေါ် လက်​​ထောက်​ကာ
ငေးရင်း​ငေးရင်းနှင့်​ကို သူ့မှာ ​ငေးလို့မဝနိုင်​​ပေ။

မျက်​မှန်​​လေးကို ပင့်​တင်​လိုက်​တိုင်းမှာ
ပေါ်ထွက်​လာတဲ့ နှာတံစင်းစင်း​​လေးကို သူ
အနမ်း​တွေ တနင့်​တပိုး ​ပေးပစ်​ချင်​သည်​။
ကော့ညွှတ်​​နေတာမျိုးမဟုတ်​ဘဲ ခပ်​စိပ်​စိပ်​​လေး
ဖြစ်​​နေသည့်​ မျက်​​တောင်​​လေး​တွေဆီလည်း
သူ့နှုတ်​ခမ်းတို့ကို အ​ရောက်​ပို့​ပေးချင်​မိပါရဲ့။

ငေးတယ်​။ မျက်​စိ​ရှေ့က အဖြူ လုံး​လေးကို
သူ​ငေးတယ်​။ ခုံ​ပေါ် လက်​​ထောက်​ပြီး ​ငေးရတာ
ညောင်းလာရင်​ ခုံ​ပေါ်ကို​မေးတင်​ပြီး ပျင်းတိပျင်းရွဲ့နှင့်
သူဆက်​​ငေးတယ်​။ သူ့ဘက်​က ခံစားချက်​​တွေက
သေချာ​နေ​ပေမဲ့ တစ်​ဖက်​ကလူက သူ့ကို
တစ်​စက်​က​လေး​တောင်​ စိတ်​မဝင်​စား​တော့
တစ်​ခါတ​လေမှာ အား​​တွေလည်း ​လျော့မိပါရဲ့။

LAရဲ့ စ​နေ​နေ့ညက သိပ်​မာယာများတယ်​။
အဲ့ဒီလိုပဲ သူချစ်​ရတဲ့ Lee Felixဟာလည်း
သိပ်​ကိုမှ ​ပြုစားလွန်းတယ်​။ ဒီဝင်္ကပါလှလှ​လေးက
ရုန်းထွက်​ဖို့ သူမကြိုးစားချင်​ဘူး။ ဘာလို့လဲဆို
ဒီဝင်္ကပါ​လေးက သူ့ကို ပိတ်​​လှောင်​ထားတာမျိုး
မဟုတ်​ဘဲ သူကိုယ်​တိုင်​ကကို လိုလိုလားလားနှင့်
ပိတ်​​လှောင်​ခံချင်​မိတာမို့ လွတ်​​မြောက်​ဖို့အတွက်
လမ်းစကိုမရှာမိ​တော့တာ။

"​ဒေါက်​...​ဒေါက်​"

သစ်​သားခုံ​လေးကို လက်​ဆစ်​နဲ့ တစ်​ချက်​ချင်း
ခေါက်​​နေမိ​တော့ သူ့ကို ပလစ်​ထားခဲ့သည့်
ထိုလူသားက ​ခေါင်း​မော့ကြည့်​လာတာမို့
အကြည့်​ချင်းဆုံသွားမိသည်​။

တစ်​စက္ကန့်​....နှစ်​စက္ကန့်​...သုံးစက္ကန့်​။

လူတစ်​​ယောက်​ကို သုံးစက္ကန့်​အတွင်းမှာတင်
ချစ်​မိသွားနိုင်​တယ်​ဆိုတာက အပိုမဟုတ်​ဘူး။
ဘယ်​လိုလုပ်​ရပါ့မလဲ? Lee Felixကို
သူပိုပြီးချစ်​မိသွားပြန်​ပြီ။

Saturday Night(Completed)Where stories live. Discover now