Chapter-7

729 84 5
                                    

[Zawgyi]

တဖွဲဖွဲကျဆင်း​နေ​သော နှင်းပွင့်​​လေး​တွေကို ​ကော်​ဖီတစ်​ခွက်​​သောက်​ရင်း သူ ကြည့်​ရှုခံစား​နေမိတုန်း
ခါးထက်​ကိုသိုင်းဖက်​လာသည့်​ လက်​တစ်​စုံနှင့်​အတူ
လက်​ဖက်​စိမ်း​နံ့ခပ်​သင်းသင်းရှိ​သော ​ရေ​မွှေးနံ့တို့​ကြောင့်​ လှည့်​မကြည့်​လည်း ဘယ်​သူမှန်းသိ​နေသည်​မို့
ကော်​ဖီကိုပဲ စိမ်​​ပြေန​ပြေ ​ဆက်​​သောက်​​နေမိ​တော့
သူ့လည်​တိုင်​နားသို့ လူဆိုး​ကောင်​လေးက အတင်းတိုး​ဝှေ့လာပြီး

"ဘာလို့ပစ်​ထားတာလဲဟင်​...ကျွန်​​တော့်​ကိုမချစ်​​တော့လို့လား?"

"........."

"သိပါတယ်​ ကိုကိုက ကျွန်​​တော့်​ကိုမချစ်​​တော့မှန်း"

"ဒရာမာ​တွေသိပ်​ခင်းတယ်​​နော်​ Hwang"

လည်​တိုင်​နားသို့ တိုး​ဝှေ့​နေ​သော ​ခေါင်းဝါ​လေးကို ခပ်​ဖွဖွတွန်းလိုက်​ရင်း ​Hwangရှိရာ ​နောက်​ပြန်​လှည့်​ကာ သိုင်းဖက်​ပစ်​လိုက်​​တော့ Hwangကလည်း
သူ့ကို ပြန်​ထွေး​ပွေ့​ပေးလာ​လေသည်​။

"ကိုယ်​က​လေ ချစ်​တယ်​ဆိုတဲ့စကားကို မင်းနဲ့မှ​ပြောဖူးတာHwang....ဒါ​ကြောင့်​ ကိုယ့်​ကိုမယုံကြည်​ဘူးဆိုရင်​​တောင်​ ကိုယ့်​အချစ်​​တွေကို​တော့ သံသယမဝင်​​စေချင်​ဘူးကွာ"

သူ့စကားအဆုံးမှာ Hwangက သူ့ဆံစ​လေးများကို
ငုံ့နမ်းလာပြီး

"စ​နေတာပါဗျာ...ကိုယ့်​​ကောင်​​လေးကိုယ်​ ချွဲချင်​၊ရစ်​ချင်​လို့ စ​နေတာကို ဒီလူကြီး​လေးကအတည်​​ပေါက်​​တွေထ​ပြော​နေပါလား"

"မင်းနဲ့ပတ်​သက်​ရင်​ အရာရာကို ကိုယ်​sensitiveတယ်​။ မင်းက​တော့မသိ​လောက်​​ပေမဲ့ မင်းကိုချစ်​ပစ်​ဖို့ ကိုယ်​အများကြီး​တွေးခဲ့ရတာ...ဒါ​ကြောင့်​ ကိုယ်​မင်းကိုဘယ်​နည်းနဲ့မှအဆုံးရှုံးမခံနိုင်​ဘူး"

"ကဲပါ အဲ့တာ​တွေထားလိုက်​...နှင်း​တွေကြည့်​ချင်​တယ်​ဆိုပြီး ဒီအထိ​တောင်​ခရီးထွက်​လာရတာကို ဟိုတယ်​ထဲပဲ​အောင်း​နေ​တော့မလို့လား"

Saturday Night(Completed)Where stories live. Discover now