(၂)

1.6K 161 7
                                    

Unicode

တစ်ခါတစ်လေဆိုလျှင် သော်သည် အရူးနှင့်တူသည်။ စုကို သိပ်ချစ်လွန်းသည့် အရူး။ ကျွန်တော်နှင့်ဝေးရလျှင် ရူးသွားမည့်အရူးသာဖြစ်သည်။

သော် ရူးတာလောက်တော့ ကျွန်တော်က မှု့မတဲ့လား။ ကျွန်တော်ကမှ မရနိုင်တဲ့ သော့်ဆီက အချစ်တွေကို ရူးနေသည့် အရူးတကာ့အရူးဆုံး အရူးပင်ဖြစ်ခဲ့ရသည်။ ထိုအချိန်က ရူးသွပ်မှုများအား ပြန်လည်အောက်မေ့မိသောအခါ ကျွန်တော်သည် မျက်နှာပူစွာဖြင့် နောင်တတို့ ရမိပါသည်။

ဘာကြောင့်များ မာနကင်းမဲ့စွာဖြင့် သော့်ဆီက အချစ်များအား ရူးသွပ်ခဲ့ရပါသနည်း။

သော်သည် စုအား သိပ်ချစ်နေတာကို သိသိလျက်နှင့်ပင် သော့်ဆီက အချစ်များအား ရူးသွပ်စွဲလမ်းမိသည်မှာ မည်မျှပင် အရှက်နည်းခဲ့ခြင်း ဖြစ်ခဲ့ရပါသနည်း။

"သုတဇော်၊ မင်း တွေးကြည့်၊ စုက ငါ့ကို ချစ်ရဲ့လား"

"သော်ရယ်၊ မင်း စုကို သိပ်ချစ်တယ်ဆို၊ သိပ်ချစ်ရင် စုအကြောင်း မင်း သိပ်သိရမှာပေါ့"

ထိုကဲ့သို့ ကျွန်တော်က ဖြေလိုက်သည့်အခါမျိုးဆိုလျှင် သော်သည် မဲ့တဲ့တဲ့လေး ရယ်တတ်ပါသည်။ မထီတရီသောအကြည့်နှင့် အနိုင်ယူလိုသော အကြည့်တို့ဖြင့်ကျွန်တော့်အား စူးစိုက်ပိုင်နင်းစွာ အထက်စီးမှ ကြည့်တတ်သည်။ ပြီးရင်တော့ ကျွန်တော့်မျက်နှာကို ခပ်ညို့ညို့လေး စိုက်ကြည့်တတ်ပြန်သည်။

"ငါ မင်းကို မချစ်ဘူးလေ၊ ဘာဖြစ်လို့ ငါ မင်းအကြောင်းတွေ အကုန်သိနေလဲ သုတဇော်၊ ဖြေကြည့်စမ်း"

မချစ်ဘူးတဲ့လား သော်ရယ်။ မချစ်ပါဘူးတဲ့လား။ မင်းဟာလေ တကယ်ကို စိတ်ဆိုးပစ်ချင်စရာပဲ။

သော်သည် သူ ကျွန်တော့်အား ချစ်မြတ်နိုးခြင်း မရှိသည့်အကြောင်းကို သိသာပိုသာစွာဖြင့် သွယ်ဝိုက်၍ ပြောပြတတ်သည်။ သူ့အချစ်ကို မျှော်လင့်မနေနဲ့ဟူ၍၊ ကျွန်တော့်အား ဘယ်တော့မှ ပြန်မချစ်နိုင်ဘူးဟူ၍ အသိပေး သတိပေးဟန် ပြုခဲ့ဖူးပါသေးသည်။

ရက်စက်လွန်းစွာဖြင့် ကျွန်တော့်အား ထိုသို့ဆက်ဆံခဲ့ဖူးပါသည့် သော့်အား ယနေ့ထက်တိုင် ချစ်ခင်မြတ်နိုးနေစဲပင်ဖြစ်နေပါသေးသည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါWhere stories live. Discover now