(၁၂)

373 51 5
                                    

Unicode

သော်က စုနှင့် သွားတွေ့မည်မှန်း သိသိရက်နှင့် ကျွန်တော်ဟာ သော့်အဝတ်အစားများကိုပင် ပြင်ဆင်ပေးခဲ့ပါ‌သေးသည်။ ထိုအချိန်တုန်းက သော်ရော ကျွန်တော်ပါ စကားမပြောဖြစ်ခဲ့ကြပါ။ သော်ကလည်း သူ ထည့်စရာရှိသည်များကို ထည့်နေသည်။ သော်နှင့်အတူရှိနေသည့်အချိန်များ၌ တိတ်ဆိတ်၍မနေချင်ပါ။ သော်၏ အဝေးသို့ တဖြည်းဖြည်းရောက်သွားသလို ခံစားရသောကြောင့် ဖြစ်ပါ၏။

"ဒီအချိန် ဟိုမှာ တအားအေးနေမှာ၊ ဒီအနွေးထည်ကို ဝတ်ဖြစ်အောင် ဝတ်"

သော် မြင်သာအောင် လယ်သာအင်္ကျီလက်ရှည်ကို မြှောက်ပြလိုက်ပြီးနောက် ခရီးဆောင်အိတ်ထဲ ထည့်လိုက်သည်။ သော်၏ ကျစ်ခနဲ စုတ်သပ်သံကို ကြားလိုက်ရသည်။ ဒါ သော် အလိုမကျတိုင်း လုပ်တတ်တဲ့အပြုအမူပဲ။

"သုတဇော် မင်းမှာ ပြောစရာ ဘာမှမရှိဘူးလား"

သော် ပြောချင်သည့် အဓိပ္ပါယ်ကို ကျွန်တော် သိပ်သိတာပေါ့။ သော် သူ့ကို မသွားပါနှင့်ဟု ချော့မော့တောင်းပန်သည်ကို လိုချင်နေခဲ့ခြင်းဖြစ်သည်။ ကျွန်တော် သူ ဖြစ်ချင်သည့်အတိုင်း တောင်းပန်လိုက်လျှင်တောင်မှ သော်ဟာ မသွားဘဲနေမည်မဟုတ်ပါ။ လှောင်ထေ့ထေ့ အပြုံးတစ်ခုနှင့် အနိုင်ပိုင်းသွားမည်မှာ သေချာခဲ့ပါသည်။

"ငါက ဘာပြောရဦးမှာလဲ"

သော်က အစောက လယ်သာအင်္ကျီကို အိတ်ထဲမှ ဆွဲလွှင့်ပစ်လိုက်သည်။ အခန်းထောင့်သို့ လွင့်ထွက်သွား၍ ဖုန်များပင် ပေကျံသွားသေးသည်။

"မင်း ငါ့ကို စုဆီ မသွားစေချင်ဘူးမဟုတ်လား"

ကျွန်တော်က အခန်းထောင့်ဆီ လျှောက်သွားလိုက်ပြီး သော် လွှင့်ပစ်လိုက်သည့်  လယ်သာအင်္ကျီကို အိတ်ထဲသို့ တစ်ဖန်ပြန်ကောက်ထည့်ရင်း ကျွန်တော် သော့်အား ကြည့်ကာ ရယ်ပစ်လိုက်သည်။

"မင်းရည်းစားဆီ မင်း သွားတာပဲ၊ ငါ့မှာ တားပိုင်ခွင့်မရှိဘူး၊ တားလည်း မတားချင်ဘူး၊ မင်းဘာသာမင်း ဘာလုပ်လုပ်"

သော်က ကျွန်တော် ထည့်ပေးထားသော အဝတ်အစားအိတ်ကို သွန်ချပစ်လိုက်သည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါOnde histórias criam vida. Descubra agora