(၆)

1.2K 145 22
                                    

Unicode

ကျွန်တော် လင်းကို အဆောင်ဆီပြန်ပို့ပေးပြီးသည့်နောက် အတန်းပြန်မတက်တော့ဘဲ အိမ်သို့သာ ပြန်လာခဲ့သည်။

အတန်းတက်ပါရန် အချိန်လည်းမမှီတော့ပါ။

ကန်တော်ကြီးပတ်လမ်းတစ်လျှောက် ဆိုင်ကယ်ပတ်မောင်းနေရင်းမှ သော့်အကြောင်းတွေးမိသည်။

အကယ်၍ စုနှင့်သော် ပြတ်စဲသွားကြပါပြီဆိုလျှင်...။

ထိုအတွေး တွေးမိလိုက်သည်နှင့်တစ်ပြိုင်နက် ကျွန်တော် ရှက်ရွံ့စွာ ရယ်မောမိခဲ့ပါသည်။ ဘယ်လို မကောင်းသည့်စိတ်ကြီးပါလိမ့်။

သို့သော်လည်း မေတ္တာဆိုတာ အသွားအပြန်ရှိသည်ဟု ဆိုကြသည်မဟုတ်ပါလား။

ကျွန်တော့်ဘက်က ပေးဆပ်ထားသည့် ချစ်ခြင်းမေတ္တာ၏ တစ်ချို့တစ်ဝက်စာမျှကို သော့်ဆီမှ ပြန်လည်ရရှိလိုပါသည်။ အမှန်တကယ်လည်း သော့်ထံမှ ပြန်လည်ရရှိခဲ့ပါသည်။ ကျွန်တော်ကသာ သော့်ဘက်က ပြန်ပေးနိုင်သည့် ပမာဏထက်ကို ပိုလွန်၍ အလိုရှိနေခဲ့မိသည်သာဖြစ်သည်။

အမှန်တကယ် မတရားသူမှာ ကျွန်တော်သာ ဖြစ်နေခဲ့၍။
အတ္တကြီးခဲ့သူမှာ ကျွန်တော်သာလျှင်ဖြစ်ခဲ့ရရ၍။

ကျွန်တော်ဟာ သော့်ထံမှ ခင်မင်ရင်းနှီးမှုထက်ပို၍ သော်၏ ချစ်ခြင်းမေတ္တာကိုပါ အလိုရှိတောင့်တနေမိခဲ့သည်။ အလိုရှိနေသည့်အရာကို မရနိုင်သည့်အခါ သော့်ကို မုန်းမိသည်။ စုကို မုန်းမိသည်။

သို့သော်လည်း သော့်ကိုတော့ မစွန့်ပစ်နိုင်ပါ။ ရှိရှိသမျှသော မာနနှင့် သိက္ခာတို့ကို ခဝါချကာ သော့်အား ‌ဖွင့်ပြောလိမ့်လည်း မဟုတ်ပါ။ ‌ဤသို့ပြုမူလိုက်ပါရန်လည်း ကျွန်တော့်ကိုယ် ကျွန်တော် ခွင့်မပြုနိုင်ပါ။ ဖွင့်ပြောလိုက်လျှင် သော် ကျွန်တော့်ကို ကြည့်လာမည့် မထီတရီအကြည့်များကိုလည်း ရွံရှာမုန်းတီးပါသည်။ သော့်မျက်ခုံးများ တွန့်ချိုးသွားပြီး သော့်နှုတ်ခမ်းများ ကော့ညွတ်သွားမည်ကိုလည်း အလိုမရှိပါ။ ထို့ထက်ပို၍ ‌ပြောရလျှင် ကျွန်တော့်အား အချစ်နှင့် ကိုင်ပေါက်မည်ကိုလည်း စိုးရိမ်လှသည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါWhere stories live. Discover now