(၈)

982 113 23
                                    

Unicode

သော်သည် ကျွန်တော်၏ အဆောင်ရှေ့တွင် ဆိုင်ကယ်ရပ်၍ ကျွန်တော် ထွက်အလာကို စောင့်နေခဲ့သည်။ သော့်ဆီက ဖုန်းအဆက်အသွယ်ရသည်နှင့် ချက်ချင်းပင် သော့်ထံပါးသို့ အပြေးသွားမိသည်။

ဤဆယ်ရက်လုံး သော့်ကို ဘယ်လောက်များလွမ်းနေခဲ့ရပါသလဲ။

သော့်အနား ရောက်သွားသည့်အခါ၌ သော်သည် ကျွန်တော့်အား ဆွဲယူပွေ့ဖက်ခဲ့ပါသည်။ တင်းကျပ်လွန်းလှ၍ အသက်ရှူပင်ကျပ်ခဲ့ရသေးသည်။ သို့သော်လည်း ကျွန်တော်ကတော့ သော့်အား ပြန်လည်ပွေ့ဖက်ခဲ့ခြင်း မပြုခဲ့မိပါ။ ပျော်ရွှင်လွန်း၍ ပြန်လည်ပွေ့ဖက်ရမည်ကို မေ့သွားခဲ့သည်ထင်ပါသည်။

သော်ကတော့ ကျွန်တော် ပြန်လည် ပွေ့ဖက်ခြင်း မရှိခဲ့သည်ကို သတိထားခဲ့မိမည်မဟုတ်ပါ။ သော်သည် ထိုမျှလောက်အထိ ကျွန်တော့်အား အလေးထား ဂရုပြုမည့်သူလည်း မဟုတ်ခဲ့ပါ။

"တွေ့ချင်နေခဲ့တာ၊ ငါ မင်းကို အများကြီး တွေ့ချင်နေခဲ့တာ၊ ဘာလို့များ နေနိုင်ရတာလဲ သုတဇော်ရယ်"

သော့်ကိုယ်သင်းရနံ့ကို တစ်ဝကြီး ရှူရှိုက်ပစ်လိုက်ပြီးနောက် သော့်ဆံပင်များကို နောက်ဘက်မှ ဆွဲဖွပေးနေမိသည်။ ဤလူသားလေးကို ဘယ်လောက်များ သတိရနေခဲ့ရပါသနည်း။

"မင်းလည်း နေနိုင်ခဲ့တာပဲမလား သော်ရယ်"

သော်သည် ကျွန်တော့်အား ဖယ်ခွာပစ်လိုက်ပြီးနောက် ဆိုင်ကယ်ကို မှီရုံမျှ မှီထားခဲ့သည်။ ပြီးနောက် ကျွန်တော့်အား တွေတွေကလေး ငေးစိုက်၍ကြည့်သည်။ ဘာစကားကိုမှလည်း မဆိုလာခဲ့ပါ။

သော့်အား တစ်ခုခုပြောစေချင်သည်။ မနေနိုင်တော့လို့ မင်းဆီ အရောက်လာခဲ့တာပေါ့ဟူသည့် စကားတစ်ခွန်းတစ်လေပဲဖြစ်ဖြစ်၊ ငါ့အင်္ကျီ ကျန်ခဲ့လို့ လာယူတာလေဟူသည့် စကားလေးတစ်ခုခုဖြစ်ဖြစ် တစ်ခွန်းလောက် ပြောစေချင်သည်။

သော့်ဆီမှ တစ်ခုခုတုန့်ပြန်သံကို ကြားချင်မိခဲ့သည်။

သော်သည် ဆိုင်ကယ်ခြင်းထဲမှ ဘီယာနှစ်ဘူးကို မြှောက်၍ ပြသည်။ အာလူးကြော်ထုပ်ကလေးများကိုလည်း တစ်ဆက်တည်း တွေ့ရသည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါWhere stories live. Discover now