(၁၃)

620 62 6
                                    

Unicode

သော်နှင့်ကျွန်တော်သည် အကြောင်းအရာတော်တော်များများ၌ ဆန့်ကျင်ဘက်ဖြစ်နေတတ်သော်လည်း အားကစားနှင့်ပတ်သက်လျှင်တော့ ဝါသနာတူခဲ့ကြသည်။ ဘော်လီဘောကစားရာတွင် ကျောင်းလက်ရွေးစင်များပင် ဖြစ်ခဲ့ကြသေးသည်။

အဆောင်မှ ကျောင်းသို့ ခြေကျင်သွားလျှင် နှစ်ဆယ့်ငါးမိနစ်မျှ လမ်းလျှောက်ရမည်ကို ကျွန်တော်သည် လွန်စွာ ပျင်းရိလွန်းလှသည်ဖြစ်ရာ မေမေ့အား စက်ဘီးတစ်စီး ပူဆာခဲ့ရသေးသည်။ အိမ်မှာ ဆိုင်ကယ်ရှိသော်လည်း ဖေဖေ ရုံးသွားလျှင် စီးရသောကြောင့်ပင်ဖြစ်သည်။ အသစ်တစ်စီး ထပ်ဝယ်ရန်လည်း ကျွန်တော့်မိဘများသည် ထိုမျှ ငွေကြေးမပြည့်စုံခဲ့ပါ။ ထိုစဉ်က သော်သည် သူ့ဆိုင်ကယ်အဖြူလေးအစား ထိုင်းဘီးအနက်ရောင် ပြောင်းစီးခဲ့ပါသည်။

စိတ်ပျက်စရာကောင်းသည်မှာ သော်သည် ကျောင်းသွားကျောင်းပြန် သူ့ထိုင်းဘီးကို မစီးဘဲ ကျွန်တော့်စက်ဘီးနောက်မှ လိုက်စီးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သော်သည် စက်ဘီးလည်း မစီးတတ်ပါ။ ထို့ကြောင့် ကျွန်တော်သည် သော့်ခန္ဓာကိုယ်ကြီးအား မနက်တစ်ခေါက် ညနေတစ်ခေါက် တစ်နေ့နှစ်ခေါက်နှုန်းဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ တင်နင်းခဲ့ရပါသည်။

သော် ဘာစိတ်ကူးပေါက်သည် မပြောတတ်နိုင်သည့် ရှားရှားပါးပါး တစ်ခါတစ်ရံများတွင်တော့ စက်ဘီးကို တွန်း၍ ပြန်မည်ဟု ပြောတတ်ပါသည်။ ထိုအခါများမှာတော့ သော်သည် ကျွန်တော့်အား အတွင်းဘက်မှ လျှောက်စေ၍ သူက စက်ဘီးတွန်းပေးတတ်ပါသည်။

မိုးရာသီအားကစားပွဲ‌တော်ကို ဒုတိယနှစ်ဝက်ရောက်တိုင်း ကျင်းပကြသည်။ ‌သော်ရော ကျွန်တော်ပါ အတန်းကိုယ်စားပြုအ‌နေဖြင့် ဘော်လီဘော ဝင်ကစားခဲ့ကြစမြဲဖြစ်ပါသည်။ အတန်းထဲက မိန်းကလေးများကလည်း ကျွန်တော့်ထက် သော့်အား ပို၍ ကစားစေချင်ခဲ့ကြသည်။ သော်က သိပ်ကြည့်ကောင်း၍လည်း ဖြစ်နိုင်သလို၊ သော်၏ အားပြင်းသော ရိုက်ချက်များကြောင့်လည်း ဖြစ်နိုင်ပါသည်။

သော် ရိုက်ချလိုက်သည့် ဘောလုံးကို တစ်ဖက်အသင်းက မဆယ်နိုင်သည့်အခါမျိုးတွင် အတန်းထဲမှ မိန်းကလေးများ၏ အာခေါင်ကွဲလုမတတ် အားပေးသံသည် ကြောက်ခမန်းလိလိဖြစ်ခဲ့ပါသည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါWhere stories live. Discover now