(၁၀)

2.1K 184 80
                                    

Unicode

စု တောင်ငူမှာ မရှိတော့သည့်အချိန်များသည် ကျွန်တော် အပျော်ဆုံးအချိန်များဖြစ်ခဲ့ပါသည်ဆိုတာကိုများ စု သိသွားလျှင် ကျွန်တော့်အား အကြီးအကျယ်စိတ်ဆိုးလိမ့်မည် ထင်ပါသည်။

စု ကျောင်းပြောင်းသွားပြီးသည့်နောက်တွင် သော်သည် ကျွန်တော့်အဆောင်မှာ ညတိုင်းနီးပါး လာအိပ်တတ်ပါသည်။ သော်နှင့်ကျွန်တော်သည် မေဂျာချင်းမတူကြသည်ဖြစ်၍ အတန်းချိန်တော်တော်များများ မတူသည်က များသည်။

သော်က ဆော့ဖ်ဝဲပိုင်း (CS) ကို စိတ်မဝင်စားသည်ဖြစ်ရာ ဟတ်ဒ်ဝဲပိုင်း(CT) ကို ယူခဲ့ပါသည်။ ဘာလို့ CS မယူသလဲလို့ မေးမိတော့ သော်က code တွေ ရေးရမှာ ဝါသနာမပါဘူးဟု ပြန်ဖြေခဲ့ပါသည်။ သို့သော်လည်း ကျွန်တော်နှင့် သိပ်မနီးစပ်ချင်၍ သို့မဟုတ် CT မှာ စု ရှိနေ၍ သော် CT ယူခဲ့သည်မှာ သိသာလွန်းလှပါသည်။

CT မှာလည်း Code တွေ ရေးရသည်ပဲ ဖြစ်ပါသည်။

CS နှင့် CTမှာ အဓိက ဘာသာ အနည်းငယ်ပဲ ကွဲသည်ဖြစ်ရာ အချို့သော စာသင်ချိန်များတွင်တော့ တစ်ခန်းတည်း စာသင်ကြရပါသည်။ ထိုအခါများတွင်တော့ သော်သည် ကျွန်တော့်နံဘေးမှာ ရံဖန်ရံခါတော့ လာနေတတ်ပါသည်။ အလွန်တရာ ရှားပါးသည့် ရံဖန်ရံခါဖြစ်ပါသည်။

လင်းကတော့ သော်နှင့် မေဂျာမတူသည်ဖြစ်၍ သော်နှင့် လင်းသည် မေးထူးခေါ်ပြောအဆင့်သာ ရှိခဲ့ပါသည်။ စု ကျောင်းပြောင်းသွားပြီးသည့်နောက်တွင် သော်သည် ကျွန်တော်နှင့် အနေများလာပါသည်။

ကျောင်းမှာလည်း အချို့သောစာသင်ချိန်များမှလွဲ၍ သော်သည် ကျွန်တော့်နံဘေးတွင် အမြဲတမ်းလိုလို ရှိနေခဲ့ပါသည်။ စာကြည့်တိုက်မှာ လင်းနှင့် စကားပြောသည့်အခါမှာလည်း သော် ကျွန်တော့်အနားမှာ ရှိနေတတ်သည်။ ကျွန်တော့်ကို အကြောင်းပြုပြီး သော်နှင့်လင်း တဖြည်းဖြည်း ခင်မင်ဖြစ်ခဲ့ပါသည်။

သော့်ကို ဘေးမှာ ထားပြီး ကျွန်တော်နှင့်လင်း စာအုပ်အကြောင်း ပြောသည့်အခါမျိုးတွင် သော်က ကျွန်တော့်ကို တအားစိတ်ဆိုးပစ်တတ်ပါသည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါWhere stories live. Discover now