(၉)

1.5K 136 22
                                    

Unicode

သော် စုအား စိတ်ဆိုး၍နေခြင်းသည် စု လားရှိုးဘက်သို့ ကျောင်းပြောင်းမည့်အတွက်ကြောင့်ဟူသည်ကို နောက်တစ်နေ့၌ စု ပြောပြ၍ ကျွန်တော် သိခဲ့ရပါသည်။

"မောင်က စုကို မပြောင်းစေချင်ဘူးလေ၊ စုကလည်း မေမေတို့ ပြောင်းတဲ့နောက်ကိုပဲ လိုက်နေရမှာဆိုတော့ ဘာမှမတတ်နိုင်ဘူး သုတဇော်ရယ်"

စုက သက်ပြင်းချသည်။

"မောင်က စုကို အဆောင်မှာ နေပြီး တောင်ငူမှာပဲ ကျောင်းတက်စေချင်တာ၊ စုတို့အိမ်ကလည်း စု တစ်ယောက်တည်း တောင်ငူမှာ ထားခဲ့ဖို့ရာ စိတ်မချနိုင်ဘူးလေ၊ စု သဘောကတော့ မောင်နဲ့အတူ တောင်ငူမှာပဲ ကျောင်းတက်ချင်တာပေါ့"

စုက အမှန်တကယ် အခက်တွေ့နေဟန်ဖြင့် ပြောသည်။

"မောင်က စုကို စုမိဘတွေကို ရအောင် မပြောရကောင်းလားဆိုပြီး စိတ်ဆိုးနေတာ၊ စု ဖုန်းဆက်တော့လည်း ဖုန်းမကိုင်ဘူး၊ သုတဇော်နဲ့ရော တွေ့ဖြစ်သေးလား"

"မနေ့က ရုပ်ရှင်ကြည့်ပြီးတဲ့နောက်တော့ သော်နဲ့ မတွေ့ဖြစ်သေးဘူး၊ သူ့အိမ်မှာပဲ ဖြစ်ဖို့များပါတယ် ၊ စု သိပ်စိတ်မပူပါနဲ့"

စုက ကျွန်တော့်ကို အားနာဟန်ဖြင့် ကြည့်လာခဲ့သည်။

"အပန်းမကြီးရင် ဒီညနေ မောင့်ဆီသွားပြီး ‌ဖုန်းကိုင်ပေးပါဦးလို့ ပြောပေးပါလားဟင်"

"ကျွန်တော်က အဆောင်မှာ နေတာလေ၊ သော် ကျွန်တော့်အဆောင်ဆီ လာတဲ့အခါ ပြောထားလိုက်ပါ့မယ်"

စုက မကြံရာမရဖြစ်နေဟန်ဖြင့် "ကျေးဇူးပါပဲ" ဟုပြောကာ ထွက်သွားသည်။

'အမေက ကျွန်တော် အဆောင်မှာ နေသည်ဖြစ်၍ ဆိုင်ကယ် မပေးလိုက်ပါ။ သို့ဖြစ်၍ ကန်ရိုးကနေ တောင်ငူအထိ ပြန်ပါရန် အခက်တွေ့နေသောကြောင့် စုကို မကူညီနိုင်ပါ ' ဟူသည်မှာ ကိုယ့်ကိုယ်ကိုယ် လိမ်ညာလီဆယ်ထား‌ပါသည့် အကြောင်းပြချက်မျှသာ ဖြစ်ပါသည်။

အမှန်တကယ် ကူညီချင်သည့်စိတ်ရှိပါက အဆောင်က တစ်ယောက်ယောက်၏ ဆိုင်ကယ်ကို ငှားပြီး တောင်ငူပြန်လို့ရပါသည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါWhere stories live. Discover now