(၃)

1.2K 149 10
                                    

Unicode

သော့်ဆံပင်နူးနူးအိအိလေးတွေကို ကျွန်တော် သိပ်သဘောကျသည်။ သော့်နှုတ်ခမ်းရဲရဲ‌ေလး‌များထံတွင် ကျွန်တော်၏နှုတ်ခမ်းများ အခစားဝင်ရောက်ချင်သည်။ သော့်မှာ နှုတ်ခမ်းမွေးရေးရေးလေး‌‌များကိုလည်း လက်ဖဝါးနုနုဖြင့် ပွတ်သပ်ကိုင်တွယ်ချင်သည်။

သော် ကျွန်တော့်ထက် အရပ်နှစ်လက်မလောက် ပိုရှည်‌ေနသည်ကို‌ေတာ့ သိပ်မနှစ်မြို့လှပါ။

သော်၏နူးနူးအိအိဆံပင်ပျော့လေးများအား လက်ဖြင့် ခပ်ကြမ်းကြမ်း ဆွဲဖွရသည်မှာ အသည်းယားဖွယ်ရာဖြစ်သည်။

သော့်လက်ကလေးများအား အမှတ်တမဲ့ဟန်ဖြင့် နမ်းရှိုက်ကြည့်မိသည့်အခါ နီကိုဒင်းနံ့သင်းသင်းလေးကို ရံဖန်ရံခါ ရတတ်သည်။

သော့်ဖေဖေ တောင်ငူမြို့သို့ တာဝန်ကျရာကနေ သော်နှင့်ကျွန်တော် စတင်သိကျွမ်းခဲ့ကြသည်။ အိမ်ချင်းလည်း အနည်းငယ်သာ လှမ်း‌သောကြောင့် ပို၍ခင်မင်လာခဲ့ကြသည်။

ဆယ်တန်းအောင်ပြီးသည့်နောက် ကွန်ပျူတာတက္ကသိုလ်အတူတူတက်ကြသည်။ ကျွန်ပျူတာတက္ကသိုလ်မှာ သော်က စုနှင့် တွေ့သည်။ နောက်တော့ သော်က စုကို စွဲလာခဲ့သည်။

စွဲလည်း စွဲချင်စရာပဲ။ စုက လှသည်ကိုး။ တွေးကြည့်မိပါရဲ့။ သော် စုအပေါ်ထားတဲ့အချစ်ဟာ ဘယ်နေရာလေးမှာများ ဖြစ်တည်နေတာပါလဲ။

စုရဲ့ နှဖူးပြင်လေးပေါ်မှာလား၊ စုရဲ့ ပါးဖောင်းဖောင်းလေးတွေဆီမှာလား။ သော် ပြောပြောနေတဲ့ စုရဲ့နှာခေါင်းလုံးလေးဆီမှာလား။ ဒါမှမဟုတ် ဆေးအကူအညီနဲ့ နီရဲနေတဲ့ နှုတ်ခမ်းပြည့်ပြည့်လေးဆီမှာလား။

အို သော်ရယ်။ မင်း ရူးလည်း ရူးလောက်ပါရဲ့။ စုက သိပ်လှတာပဲ။

ငါက ငါသာမဖြစ်ခဲ့ရင်လေ ငါ စု ဖြစ်ချင်တယ်။

ငါ စုဖြစ်ချင်ပါရဲ့သော်။

"သုတဇော် မြို့ထဲ သွားရအောင်"

သော်က အိမ်ရှေ့ကနေ ခပ်ကျယ်ကျယ်အော်ခေါ်လာခဲ့သည်။ ကျွန်တော်လည်း ငူငိုင်နေရာကနေ ခပ်သုတ်သုတ်လေး အိမ်ရှေ့ ထွက်လာခဲ့သည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါHikayelerin yaşadığı yer. Şimdi keşfedin