(၂၆)

800 97 21
                                    

Unicode

ဆေးရုံမှဆင်းလာပြီးနောက်တွင် အစ်ကိုသည် ကျွန်တော့်အား အခန်းထဲတွင် တစ်ယောက်တည်း အိပ်ခိုင်းရမည်ကို များစွာ စိတ်မချဖြစ်နေခဲ့၍ ကျွန်တော့်ကုတင်နံဘေးတွင် အိပ်ရာခင်းကာ အိပ်စက်ခဲ့ပါသည်။

"အစ်ကို ကုတင်ပေါ်မှာ လာအိပ်လေ"

"ရပါတယ် အောက်မှာပဲ အိပ်လိုက်မယ်"

ထိုအခါမှ ကျွန်တော် သော်နှင့်အတူ ကုတင်ပေါ်တွင် အတူအိပ်ရန် ငြင်းဆိုခဲ့တုန်းက သော်တစ်ယောက် အခုလိုပင် ခံစားခဲ့ရလိမ့်မည်ထင်ပါသည်။ သူက ငါနဲ့ ဘာဖြစ်လို့ အတူမအိပ်ချင်ရတာလဲဆိုသည့် စိတ်မလုံခြုံမှုမျိုးကို သော်သည်လည်း သေချာပေါက် ခံစားခဲ့ရပါလိမ့်မည်။

"ကျွန်တော်နဲ့ အတူတူ မအိပ်ချင်တာမျိုးလား"

ထိုအခါ၌ လဲလျောင်းနေပြီဖြစ်သော အစ်ကိုသည် ချက်ချင်းပင် ကုတင်စွန်းတွင် ဝင်ထိုင်လိုက်ပါ၏။

"ကုတင်က ကျဉ်းလွန်းတယ်လေ၊ နှစ်ယောက်အတူအိပ်မယ်ဆိုရင် ကောင်လေးရဲ့ချုပ်ရိုးတွေ ခိုက်မိကုန်မှာပေါ့၊ လျှောက်မတွေးပါနဲ့"

ကျွန်တော် ကြမ်းပြင်ပေါ်တွင် ဆင်းအိပ်ခဲ့စဉ်တုန်းကလည်း ‌အခုကျွန်တော် ခံစားနေရသလို ခံစားခဲ့ရမည်ထင်ပါသည်။ "ငါက မင်းနဲ့အတူအိပ်ချင်တာ၊ ကုတင်ပေါ်မှာဆိုလည်း အတူတူ၊ ကြမ်းပြင်ပေါ်မှာဆိုလည်း အတူတူပေါ့"။ သော် နွမ်းလျစွာ ပြောခဲ့ဖူးသော စကားများပင်။ သို့ရာတွင် ကျွန်တော်သည် သော်၏ ထိုစကားများကို ရက်စက်စွာဖြင့် လျစ်လျူရှုခဲ့မိပါသည်။

ကိုယ်တိုင်ခံစားရသည့်အခါမှသာ တစ်ချိန်က ကျွန်တော် သတိမထားမိခဲ့သော သော့်ခံစားချက်များကို ကိုယ်ချင်းစာတတ်ခဲ့ပါသည်။ ဘဝတွင် သော် ပြောခဲ့ဖူးသောစကားများအတိုင်း ကျွန်တော်ပြန်ပြောဖြစ်မည့်အခြေအနေ ရောက်လာခဲ့လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့မိပါချေ။

"ကျွန်တော်က အစ်ကိုနဲ့အတူ အိပ်ချင်တာလေ၊ ကုတင်ပေါ်မှာဆိုလည်း အတူတူ၊ ကြမ်းပြင်ပေါ်မှာဆိုလည်း အတူတူပေါ့"

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါWhere stories live. Discover now