1 ( zawgyi)

353 26 1
                                    

ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတယ့် ဖန်ကွဲစတွေနဲ့ lavender ပန်းတွေ...

အဲ့ပေါ်မှာ ဆွေးမြေ့နေတယ့် မျက်လုံးတွေနဲ့... လူတယောက်ထိုင်နေတယ်..

သူ့ခြေထောက်မှာ ထိခိုက်ထားတယ့် ဒဏ်ရာတွေကိုမှမထောက်.....

လက်တဖက်မှာ ဓာတ်ပုံ တပုံနဲ့ diary စာအုပ်တအုပ်ကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားပြီး နောက်တဖက်မှာ ဖန်ကွဲစတခုကို ဆုပ်ကိုင်ထားတယ်....

သူ နာကျင်မှုဆိုတာတောင် မသိတော့ဖူးထင်တယ်..

......................

အင်း... သူထိုင်နေရာကနေ ထလာတယ်... ဖြူနုနေတယ့် လက်ဖဝါးကနေလည်း သွေးစက်များစွာ စီးကျနေရင်းပေါ့...

သူရီနေတယ်.. သူရီနေပေမယ့် သူ့မျက်လုံးတွေမှာ ဝမ်းနည်းရိပ်တွေနဲ့...

သူ ရီနေပြီးတော့ သူရှေ့မှာ ရှိနေတယ့်လူကို
တခုခုပြောလိုက်တယ်... တိုးလျှလျှ အသံလေးနဲ့
ဆိုပေမယ့်

ပတ်ဝန်းကျင်က တိတ်ဆိတ်နေလို့.. ကြားလိုက်ရတယ်...

ထယ် မင်းငါ့ကို တကယ်ရောချစ်ခဲ့ရဲ့လားဟင်..အစားထိုးတယောက်အနေနဲ့ သုံးဖို့များ ချစ်တယ်လို့ လိမ်ပြောခဲ့တာလား..

---------------------------------

ကိုယ် ချစ်ခဲ့ပါတယ်ကွာ.. ကိုယ်တကယ်ချစ်ခဲ့တာပါ.. အစကတော့ အစားထိုးအနေနဲ့ ဘေးနားမှာ ထားဖို့ ချဉ်းကပ်ခဲ့ပေမယ့် ခုတော့ တကယ်ချစ်သွားမိတာ​ပါ.. မင်.. ကျေးဇူးပြုပြီး ကိုယ့်ကို ယုံပေးပါနော်..

ဟင့်အင်း.. ထယ်ရဲ့ စကားတွေကို ကိုယ်အယုံအကြည်မရှိတော့ဖူး.. ကိုယ်ထယ့်ကို ချစ်ပါတယ်..ဒါပေမဲ့လေ.. မယုံကြည်နိုင်တော့ဖူး..

********

ကျနော့်နာမည်က မင်ယွန်ဂီပါ.. ကျနော်က
အီတလီကိုရီးယား ကပြားပါ.. ဗလာဗလာ..

ဖန်တရာထေနေတယ့် နှုတ်ဆက်ပုံနဲ့တော့ မနှုတ်ဆက်တော့ပါဖူး...

အရာအားလုံးက ဒီလာဗင်ဒါပန်းခင်းကြီးကနေ စတင်ခဲ့တာပေါ့...

ဒီပန်းခင်းမှာပဲ စတင်ပြီး ဒီပန်းခင်းမှာပဲ အဆုံးသတ်သွားတယ်ဆိုရင် ယုံမှာလား...

𝕃𝔸𝕍𝔼ℕ𝔻𝔼ℝ ( complete) Where stories live. Discover now