19 (zawgyi)

145 16 4
                                    

ထိုနေ့ညက ကိစ္စဖြစ်ပြီးနောက်ပိုင်း ပိုပိုခြေလှမ်းပျက်လာတယ့်ထယ်...

တနေ့တနေ့ over time... ဆင်းရတာနဲ့...
အလုပ်ရှိရတာနဲ့.. အလုပ်ခရီးသွားရတာနဲ့..
တလပြည့်ခါနီးနေပြီ...

ခုလည်း... ကျနော် နေမကောင်းဖြစ်နေတယ့်
ကြားကနေ ဖုန်းလာတယ်...
ph contact ကို မြင်လိုက်တော့ လီရန်း တဲ့...

ဟ.. သူအမြန်ဆုံးထွက်သွားတယ်...
ကျနော်က သူ့ဘဝအတွက် အရေးမပါတော့ဖူးလား...

အရမ်းချစ်တယ်ဆိုတယ့် စကားတွေက ဘာတွေလည်း...

ကျနော် ထယ့်ကို ဆက်ယုံရမလား..မယုံရတော့ဖူးလား...
အတွေးတွေများနေချိန် ဂျောင်ဂုဆီကနေ ဖုန်းဝင်လာတယ်...

'' အင်း..ဂျောင်ဂု ပြော...''

'' hyung ပါ... jin hyung ''

'' arrr... jin hyung... ပြန်ရောက်နေပြီလား..''

'' အင်း... အခု မင်း.. sky hotel ကို လာပေးလို့ရမလား... ''

'' ဘာဖြစ်လို့လည်း.. hyung.. ''

'' ဂျောင်ဂုရဲ့ company ခွဲ တခုက လူယုံကနေ
သစ္စာဖောက်ပြီး company အရေးကြီး
သတင်းတွေကို ဖျက်ချလိုက်တယ်..''

'' hyung.. လုပ်တာ မရဖူးလား...''

'' အင်း..ဟုတ်တယ်... မနေ့ညတည်းက လုပ်နေတာ code တခုက ခံနေတယ်.. အဲ့ code ကို
ဖြည်နေတာ လုံးဝ ဖြည်လို့မရဖြစ်နေတယ်..''

'' လိပ်စာက sky hotel နော်.. ''

'' အင်း. ဟုတ်တယ်.. အမြန်ဆုံး လာခဲ့ပေးပါ..
S ရာ... ''

'' ဟုတ်ကဲ့...ကျနော် အမြန်ဆုံး လာခဲ့မယ်...''

S....
S ဆိုတယ့် ဘဝက ကျနော့်ဘဝရဲ့ တစိတ်တပိုင်း
ကျနော့်ရဲ့ အမှားများစွာပါနေတယ့်
code တခုကိုတောင်
လူတိုင်းက ငွေဘယ်လောက်ပေးရပေးရ
လိုချင်နေကျတယ့် S ရဲ့ code...

စိတ်ပင်ပန်းစရာတွေကို ခဏမေ့ပစ်ပြီး
ကျနော်ပျော်ရွှင်ရာ S ဆိုတယ့်
hacker ဘဝကို ခဏပြန်သွားကျတာပေါ့...

𝕃𝔸𝕍𝔼ℕ𝔻𝔼ℝ ( complete) Where stories live. Discover now