9 (uni)

295 45 2
                                    

''ဟေ့ကောင်တွေ နည်းနည်းပါးပါး ထိန်းသိမ်းကျပါအုန်းကွာ.. ခုဟာက တခြားနေရာမှာလည်း မဟုတ် ငါ့အိမ်ရှေ့တည့်တည့်ကြီးမှာ.. ''

'' အဲ့တာ ကျနော့်အမှားမဟုတ်ဖူး.. ''
ဆိုပြီး အိမ်ထဲ ဝင်သွားလေရဲ့..

'' သား.. ထယ်ယောင်းလာလေ.. ''

'' မဝင်တော့ဖူး..အန်ကယ်.. အိမ်ပြန်နောက်ကျမှာဆိုးလို့.. ''

'' အေးအေး.. ဂရုစိုက်ပြန်.. အမ်.. ထယ်ယောင်းရဲ့အိမ်က ဟိုဘက်မှာလေ.. ငါ့နှယ်.. ''

********
ထယ်တစ်ယောက် သူ့အိမ်သူပြန်ရောက်ပြီးတည်းက ပြုံးနေလေသတဲ့..

သူရဲ့ အတွင်းရေးမှူးသာ မြင်ရင်တော့ ထီတောင်
ကောက်ထိုးမလားမသိ..

KIM V ဆိုတယ့် လူက အသဲနှလုံးမရှိတယ့်လူ ၊ အေးစက်တက်တယ့်လူ ဆိုပြီး နာမည်ကြီးခဲ့တယ့်
ကျနော်က ခုတော့ မင်ယွန်ဂီဆိုတယ့် လူကြောင့်
ပြုံးနေတယ်တဲ့..

ဟက်.. ဘယ်လောက်တောင် ရယ်စရာကောင်းနေလိုက်လည်း...

********

နေမင်းကြီးတောင် နိုးထလာပြီ.. ဒါပေမဲ့
ကင်ထယ်ယောင်းဆိုတယ့် ကျနော်က ခုချိန်ထိ
မအိပ်စက်ရသေးပါ...

ဘာကြောင့်များလည်း..

ဒေါသထွက်နေတယ့် မျက်လုံးတစုံနဲ့ ပစ္စည်းတွေကို Luggage bag ထဲကို ပစ်ထည့်နေလေရဲ့..

ပစ္စည်းတွေထည့်ပြီး ထိုအိတ်ကို အိမ်အပေါ်ထပ်ကနေ ပစ်ချလိုက်တယ်..

ဟာကွာ... ဒုန်းးးး

**************
အိမ်အပေါ်ထပ်ကနေ အိမ်အောက်ထပ်ရောက်နေပြီဖြစ်တယ့် အိတ်လေးကို ကားထဲထည့်ပြီး
ယွန်ဂီတို့ အိမ်ကို သွားနေလေရဲ့...

တီတောင်...

ကျနော်မှန်း သိနေရျ် မင့်အဖေကနေ တံခါးဖွင့်ပေး လိုက်တယ်..

'' ထယ်ယောင်း စောစောစီးစီးပါလား.. ''

'' အာ.. ဟုတ်.. အန်ကယ်.. မင်ရော အပေါ်မှာ ရှိတယ်မလား.. ''

𝕃𝔸𝕍𝔼ℕ𝔻𝔼ℝ ( complete) Where stories live. Discover now