17 (zawgyi)

149 14 5
                                    

ယွန်ဂီတယောက် သူ့ကိုပို့လာတယ့် hotel လိပ်စာ
အတိုင်း သွားလိုက်တယ်....

green hotel ရှေ့အရောက်မှာ...

'' ဒီမှာ ခင်မျ... ခင်များက မင်ယွန်ဂီဆိုတယ့်
လူလားမသိဖူး...''

'' အာ..ဟုတ်ပါတယ်.မင်ယွန်ဂီဆိုတာ ကျနော်ပါ..''

'' ရော့... ဒါက အခန်းကဒ်ပါ...''
ဆိုပြီး ကျနော့်လက်ထဲကို ဟိုတယ်အခန်းကဒ်
ထည့်ပေးပြီး ထိုလူထွက်သွားလေတယ်..

' ဟ..ဒီလူ ဘာလားဟ..'
ကျနော် ဟိုတယ်ထဲ ဝင်သွားပြီး အခန်း 251 ရှိရာ
ကို သွားလိုက်တယ်...

ထိုအခန်းရှေ့ရောက်တော့...
ဟူးးးးး.. ငါဘာလို့ စိတ်တွေလေးနေပါလိမ့်...
ကဲပါ... တံခါးဖွင့်ကြည့်လိုက်ပါမယ်
ဆိုပြီး ဖွင့်လိုက်တယ့် တခဏ...

ယွန်ဂီတယောက် မြင်လိုက်ရတယ့် မြင်ကွင်းကို
အရမ်း အံ့သြမင်သက်သွားတယ်...

ထိုမြင်ကွင်းမှာတော့...
ကုတင်ပေါ်မှာ... ထယ်ယောင်းနဲ့သူရဲ့ ရည်းစား
ဟောင်း ရန်းတို့နှစ်ယောက် ဖြစ်ပျက်နေတယ့်
ပုံကြောင့်သာ ဖြစ်လေတယ်...

ထိုလူနှစ်ယောက်ရဲ့ ညည်းသံတွေ.. ပြီးတော့
သူတို့နှစ်ယောက် ဘာတွေလုပ်နေလည်း
ဆိုတာပြတယ့် အနံ့အသက်တွေနဲ့..
ကိုယ်လုံးတီးဖြစ်နေတာကြောင့်
ယွန်ဂီတယောက် နားလည်သွားတယ်...

သူ အမြန်ဆုံး အခန်းတံခါးကို ပိတ်လိုက်ပြီး...

မဖြစ်နိုင်တာ...ဟင့်အင်း... ဒါ လုံးဝ မဖြစ်နိုင်ဖူး..
ထယ်က ငါ့ကိုဒီလိုလုပ်မှာမဟုတ်ဖူး..

ဟုတ်တယ်...ဒါလုံးဝမဖြစ်နိုင်ဖူး...ငါမျက်စိမှားတာ..

ဒါပေမဲ့ နောက်တခေါက် အခန်းတံခါးကို အဖွင့်..
ခေါ်လိုက်တယ့် နာမည်နဲ့
ကြားလိုက်ရတယ့် အသံ...ကြောင့်
သူထိတ်လန့်သွားတယ်...

ယွန်ဂီ ထိုနေရာကနေ အမြန်ဆုံး ပြေးထွက်လာပြီး..
အိမ်ကို အမြန်ပြန်လာခဲ့တယ်...

𝕃𝔸𝕍𝔼ℕ𝔻𝔼ℝ ( complete) Where stories live. Discover now