6 ( uni)

326 49 4
                                    

ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံ ၃ ချက် ရှင်းလင်းစွာပေါ်လာတယ်...
-----------------

'' ဘယ်သူလည်း... ''

'' ကိုယ်ပါ မင်ရဲ့.. ''

'' မင်း ဘယ်လိုလုပ် အိမ်ထဲဝင်လာတာလည်း.. ''

''အော် အန်ကယ်ကကိုယ့်ကို အိမ်သော့ တချောင်း
ပေးသွားတယ်လေ.. ''

'' အော်.. ''

'' ဟင်.. မင်.. ငိုနေတာလား.. ''
အဲ့လိုမေးလိုက်တော့မှ ပါးပြင်ပေါ်က မျက်ရည်တွေကို လက်နဲ့ပွတ်သုတ်နေတယ့် အကောင်ငယ်လေး..

'' မဟုတ်ပါဖူး.. ဒီတိုင်း ဒီတိုင်းပါပဲ.. ဟင့် ''
ပြောရင်းနဲ့ ရှိုက်တက်လာတယ့် သူလေး..

'' ဘာလို့ ငိုနေတာလည်း မင်ရဲ့.. ဘာဖြစ်လို့လည်း.. ''
အင့်..
ကျနော့်စကားတောင်မဆုံးသေးဖူး.. ကျနော့်ရင်ခွင်ထဲကို တိုးဝင်လာတယ့် ထိုလူသား

************

'' ဘာမှ မမေးလို့မရဖူးလားဟင်.. ဒီတိုင်းလေးပဲ ဒီတိုင်းလေးပဲ.. နေပေးပါလား.. ''

'' အင်း.. အာ့ဆိုရင် လာ ထိုင်.. ''
သူ့ကို ကျနော် ပွေ့ဖက်ထားလိုက်တယ်..
သူလေးကို ဖက်ထားတယ့်အချိန်လေးမှာ..
ရင်တွေခုန်မိလာတယ်..

သူရဲ့ ကိုယ်ပေါ်ကနေ လာဗင်ဒါနံ့လေးကိုလည်း ရနေတယ်...

အနံ့အရမ်း ပြင်းပါတယ်ဆိုတယ့် ထိုပန်းရဲ့ရနံ့က
ဒီလူသားလေးရဲ့ ကိုယ်ပေါ်မှာတော့ သင်းပျံ့ပျံ့လေး
.....................

ရင်ခွင်ထဲကို ပြန်ကြည့်လိုက်တော့ သူလေးက အိပ်ပျော်နေလေရဲ့..

ငါကရော ဘာလို့ ရင်တွေခုန်နေတာလည်း..
အာ... ဒီဘက်ကို ပြေးလာရလို့ ဖြစ်သွားတာနေမှာပါ..

အင်း..ဟုတ်တယ်.. ငါချစ်တာက ရန်းတယောက်တည်း.. မင်ယွန်ဂီဆိုတယ့် လူမဟုတ်ဖူးဆိုပြီး
တွေးမိနေတယ်..
မဟုတ်ဖူး..
တွေးမိတယ် ဆိုတာထက် ခေါင်းထဲကို ငါက ရန်းတ​ယောက်တည်းကိုပဲ ချစ်တာဆိုတယ့် အကြောင်းကို ရိုက်ထည့်နေတာ...
×

𝕃𝔸𝕍𝔼ℕ𝔻𝔼ℝ ( complete) Where stories live. Discover now