16 ( uni)

274 37 2
                                    

'' ငါ့ဘက်ကို ပစ်...ငါ့ဘက်ကို..''
ဘာတွေ ပစ်ခိုင်းနေတယ်ထင်လည်း..
ဟုတ်တာပေါ့.. မင်္ဂလာဆောင်ဆိုမှ ပန်းစည်းပစ်ရတာပေါ့..

'' ကဲ..ပစ်ပြီနော်..''

ဆိုပြီး ​ပစ်လိုက်တယ့် ခဏ.. ပန်းစည်းက ကျနော့်ရဲ့ ချစ်သူငယ်ချင်းကြီး hope ရဲ့ လက်ထဲကို တန်းတန်းမတ်မတ် ကျရောက်သွားခဲ့တယ်..

'' ဟားဟားး... လူပျိုသိုးကြီးရဲ့ လက်ထဲကို ရောက်သွားတာကွ... ဟျောင့်.. hope ရေ 6 လအတွင်း မလက်ထပ်ရင် တသက်လုံး လူပျိိုကြီးနော်.. ''

လို့စလိုက်တော့..ဘယ်နားက ပေါ်လာတယ့်မသိတယ့်
tissue ဗူးနဲ့ ကျနော့်ကို ပစ်ပေါက်နေတယ်..

*************

'' ဂုဏ်ယူပါတယ်.. ယောင်းး..အာမှားလို့.. ထယ်ယောင်း.. ''

'' ဟုတ်ကဲ့.. လီရန်းလည်း အမြန်ဆုံး လက်တွဲဖော် တွေ့ပါစေလို့ ဆုတောင်းပေးပါတယ်.. ''

'' ရန်းကတော့ မတွေ့ချင်တော့ဖူး.. တယောက်တည်းပဲ နေချင်တော့တယ်.. ''

'' ဟုတ်ကဲ့..ကျနော့်ယောကျ်ားဆီ သွားလိုက်အုန်း
မယ်ဗျ.. သူတယောက်တည်းဆိုရင် မကောင်းလို့လေ... ''

'' ဟုတ်ကဲ့ပါ..ထယ်ယောင်းး.. ''

တောက်ခ်..
မင်ယွန်ဂီ..မင်ယွန်ဂီ.. မင်းက ငါ့အပိုင်ကို ယူသွား
တယ်ပေါ့...
ငါလည်း ငါ့အပိုင်ကို သေချာပေါက် ပြန်ယူပြမယ်...
စောင့်ကြည့်နေလိုက်စမ်းပါ.. မင်ယွန်ဂီရာ..

***********
'' မင်.. မင်.... ''

'' ကဲပြော.. ကျားပေါက်.. ''

'' ဟင်..ကျားပေါက်.. ''

'' အင်း.. မင်းက ကျားပေါက်နဲ့တူတယ်.. ''

'' ညကျရင် ကျားကြီးဖြစ်တော့မှာ.. ''

'' ထယ်..ဘာတွေလျှောက်ပြောနေတာလည်း.. ''

'' လျှောက်မပြောပါဖူး..အမှန်တရားပြောတာ
ဒီညက ဘာညလည်း မင်သိပါတယ်.. ''

𝕃𝔸𝕍𝔼ℕ𝔻𝔼ℝ ( complete) Opowieści tętniące życiem. Odkryj je teraz