14 ( uni)

276 38 2
                                    

'' ယွန်ဂီ.. သား...''

'' ဗျာ... ''

'' မင်းအသံကလည်း အားမရှိလိုက်တာကွာ.. ''

'' ဘာမှမဖြစ်ပါဖူး...''

'' အဲ့တာ အသာထားအုန်း... ထယ်ယောင်းတယောက် ဆေးရုံရောက်နေတယ်.. ''

'' ဗျာ.. ''

'' ဗျာမနေနဲ့.. သူ့ကို ပန်းခင်းနားမှာ မေ့လဲနေတာကို တွေ့တာ.. သူ့ဆီသွားလိုက်အုန်း... ''

'' အာ.. မသွားချင်ပါဖူးဗျာ... ''

ဂေါက်...

'' အားးးးအဖေ.. အဖေက မိန်းမကြီးလားဗျာ.. လက်သံပြောင်လိုက်တာ.. ''

'' ငါယောကျ်ားဖြစ်နေလိ​ု့ မင်းကို မင်းအမေနဲ့
ရလာတာပေါ့ဟ... ထ ခုချက်ချင်းထပြီး
ထယ်​ယောင်းဆီသွား.. ငါဆန်ပြုတ်ပြုတ်ထားတယ်..''

'' ဟာဗျာ.. အလုပ်ရှုပ်လိုက်တာ... ''

***********

ယွန်ဂီတယောက် ဖခင်၏ စေခိုင်းမှုကြောင့်
ထယ်ယောင်းရှိတယ့် hospital ကိုရောက်လာခဲ့တယ်..

'' KIM V ရဲ့အခန်း နံပါတ်က ဘယ်လောက်လည်း ခင်မျ... ''

'' အော်.. No. 136 ပါ.. ''

'' အာ..ဟုတ် ကျေးဇူးပါ.. ''

ပြောတယ့်အခန်းကို သွားလိုက်ပြီး တံခါးဖွင့်လိုက်တယ့် အခါ...

' ကျစ်.. ဒီကောင်ကွာ... ဆေးရုံတက်နေရတာတောင်မှ ဘာလို့ချောနေမှန်း မသိဖူး..

နဖူးပေါ်ကို ကျရောက်နေတယ့် ဆံပင်လှိုင်းတွန့်လေးတွေ..

မနက်ခင်းရဲ့နေရောင်တွေကလည်း မျက်နှာပေါ်ကို ကျနေတယ်..

နေမကောင်းဖြစ်နေပေမယ့် ဖြူဖတ်ဖြူရော် နှုတ်ခမ်းပါးလေးတွေက လှနေတယ်..

*************
နတ်ဘုရားက ဖန်ဆင်းလိုက်တုန်းက ပျော်ရွှင်နေတယ် ထင်ပါရဲ့..

𝕃𝔸𝕍𝔼ℕ𝔻𝔼ℝ ( complete) Where stories live. Discover now