Unicode
>>>>>><<<<<<
ဆုမြတ်လေး အဆင်ပြေတဲ့ အခန်းကို ရွေးခိုင်းတာမို့ အလယ်ထပ်လေးက အခန်းတစ်ခန်းကိုပဲ ရွေးလိုက်သည်။
ဟာရူ-"ဒါဆို ဆုလေးက ကိုယ်နဲ့ တစ်ထပ်တည်းပဲ"
ဆုမြတ်-"ဟုတ် ဆုလေးက ဝရံတာလေးနဲ့ အမြင့်ပိုင်းလေး နေရတာ ကြိုက်တယ်လေ အပေါ်ဆုံးအထပ်ကကျ အရမ်းမြင့်သွားသလားလို့"
ဟာရူ-"ဟုတ်တယ် ကိုယ်လည်း ဆုလေးလိုပဲ အရမ်းမြင့်တာမျိုးကိုတော့ သိပ်မနှစ်သက်ဘူး"
ဂျွန်လေး-"အပေါ်ဆုံးအထပ်ကို သားအပိုင်စိုးထားတာလေ ခစ်ခစ်"
ဆုမြတ်-"ဟုတ်ပါပြီရှင် ဒါဆို ဆုလေး ရေမိုးချိုးလိုက်အုန်းမယ် ပြီးရင်လေ မြို့ထဲ သွားချင်တာတွေက အများကြီးပါဘဲလေ ဟာရူ တစ်နေရာရာကို လိုက်ပို့ပေးပါလား ဟီးဟီး"
ဟာရူ-"ရတာပေါ့ ဆုလေးရဲ့"
ဂျွန်လေး-"သားလည်း လိုက်မယ်"
ဟာရူ-"အထက်တန်းကျောင်းသားလေးက ကျောင်းပိတ်ရက်မှာ နားသင့်သလောက် နားပြီးရင် ပေးလိုက်တဲ့ စာတွေ လုပ်ရမယ်လေ"
ဂျွန်လေး-"ပြီးရော အဲ့ဒါဆို မမဆုကို သေချာလိုက်ပို့ပေးလိုက်နော်"
အငယ်က အကြီးကို ဆရာလုပ်ကာ အပေါ်ထပ်က်ို ကော့တော့ ကော့တော့နဲ့ တက်သွားတဲ့ ဂျွန်ကိုလေးကို ကြည့်ပြီး နှစ်ယောက်သား ရီရင်း ကျန်ခဲ့လေသည်။
ခဏနေတော့ ဆုမြတ်လေး အခန်းထဲဝင်လာကာ ရေချိုးပြင်ဆင်နေတုန်း ဘီက ကျန်တဲ့ luggage နဲ့ အထုပ်တွေ သယ်ပြီး အခန်းထဲအပြင် အင်္ကျီတွေပါ ဗီရိုထဲ တစ်ခါတည်း ထည့်သွားပေးသည်ထင်ပါရဲ့။
ဘောင်းဘီအမည်းကို တီရှပ်အဖြူဖြင့် ခရမ်းရင့်ရောင်လက်ရှည်ကိုလည်း အပေါ်မှ ထပ်၍ ဝတ်ထားသော ဆုမြတ်လေးသည် အခုကျ ချစ်ဖို့ကောင်းတဲ့ ပုံမျိုးလေးမဟုတ်ဘဲ မိမိုက်နေလေသည်။
မျက်နှာတစ်ဝက်လောက် အုပ်သည့် ဦးထုပ်အမည်းအဝိုင်းကိုဝတ်ကာ ပုံစံအလန်းဖြင့် အခန်းထဲက ထွက်လာတဲ့ သူလေးကြောင့် ဟာရူ ငေးကြည့်နေမိသည်။
YOU ARE READING
မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥