Part-30

1.9K 187 16
                                    

Unicode

"ဘာလို့ လုပ်ခဲ့တာလဲ"

ဟာရူ မြေပြင်ပေါ် လက်နောက်ပြန်ကြိုးတုပ်ကာ ဒူးထောက်နေသော သူမကို မေးပါသော်လည်း မျက်နှာထားဟာ မလျော့ဘဲ ဆုမြတ်လေးကို စူးစူးရဲရဲ ကြည့်လာသည်။

"နောက်တစ်ခေါက် ထပ်မေးမယ် ဘာလို့ လုပ်ခဲ့တာလဲ ဘေဘီက မင်းက်ို ဘာမှလုပ်ခဲ့တာလည်း မဟုတ်ဘဲနဲ့ ဘာလို့ အခုလိုတွေ လုပ်ခဲ့ရတာ"

"အဟက် ဟာရူ ရှင် တစ်ကယ်ပဲ မသိတာဘဲလား မသိချင်ယောင်ဆောင်နေတာလား"

"...."

"မိသားစုမျိုးရိုးက အကောင်းတကာ့ အကောင်းတွေချည်းပဲ အချစ်ခံနေရတာ တုန်နေတာလို့ မိန်းကလေးအချင်းချင်း မနာလိုရတဲ့ အဖြစ် ဖြစ်နေခဲ့တဲ့အပြင် ကျွန်မ တစ်ဖက်သတ် သိပ်ချစ်ခဲ့ရပါတယ်ဆိုတဲ့ ရှင့်ကလည်း သူ့လူ သူ့အပိုင်ဖြစ်သွားတော့ အခု ကျွန်မရဲ့ လုပ်ရပ်က တော်တော်မှ လွန်သွားမိသလား"

သူမရဲ့ စကားတွေကြောင့် ဟာရူကတော့ မျက်လုံးလေး အနည်းငယ် ပြူးကျယ်ရုံမျှသာ အံ့ဩမိပေမဲ့ ဆုမြတ်လေးကတော့ သနားသော အကြည့်တစ်စုံဖြင့် သူမကို ကြည့်နေမိသည်။

အနားကို လျှောက်သွားကာ သူမအရှေ့မှာပဲ ဒူးထောက်ချလိုက်သည်။

"ကြိုးတွေ ဖြည်ပေးလိုက်ပါ"

ဆုမြတ်လေး တောင်းဆိုသလို ပြောလိုက်တော့ မတ်တပ်ရပ်နေကြတဲ့ လူတွေက ဟာရူဆီ လှမ်းကြည့်လာကြသည်။

ဟာရူက ခေါင်းညိတ်ပြလိုက်တာကြောင့် ဆုမြတ်လေး အလိုအတိုင်း သူမလက်က ကြိုးတွေကို ဖြည်ပေးလာသည်။

ကြိုးတွေ ပြေလျော့သွားသည်နှင့် ဆုမြတ်လေး သူမလက်ကို နူးနူးညံ့ညံ့ လှမ်းကိုင်လိုက်ကာ အားဖြင့် ကြိုးချည်ထားခြင်း ခံထားရတာကြောင့် နီရဲနေသော သူမရဲ့ လက်ကောက်ဝတ်လေးကို ကြည့်ပြီး ပြောလိုက်သည်။

"လက်လေးကို မလှအောင် ဆုလေး လုပ်မိသွားပြီထင်တယ်"

မထင်မှတ်ထားတဲ့ ဆုမြတ်လေးရဲ့ စကားကြောင့် အကုန်လုံးဟာ အံ့ဩနေမိလျက်။

"Midori ဟာရူတို့နဲ့ ရွယ်တူဆိုတော့ ဆုလေးရဲ့ အမတစ်ယောက်လိုပေါ့ နော့်"

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥Where stories live. Discover now