Extra-1

2.7K 185 17
                                    

Unicode

"မင်းသမီးလေးနဲ့ မင်းသားလေးတို့ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ နောက်ဆုံးအချိန်အထိ အတူ ချစ်မြတ်နိုးသွားကြပါလေသတည်းတဲ့"

"မာမီ မာမီ! နှစ်ယောက်တည်း ဆိုတော့ နန်းတော်အကြီးကြီးထဲမှာ မပျင်းကြဘူးလားဟင်"

"ပျင်းစရာလား သမီးလေးရဲ့ နန်းတော်ထဲ လမ်းပျောက်တတ်လို့ မှတ်မိအောင် လုပ်ရတာနဲ့တင် ပျင်းဖို့ အချိန်တောင် ရှိလောက်မှာ မဟုတ်ဘူး"

သမီးလေးကို အိပ်ခန်းထဲမှာ ပုံပြင်လေး ဖတ်ပြရင်း ချော့သိပ်နေပါတယ်ဆိုကာမှ အလိုက်ကမ်းဆိုးမသိ ပြီး ဝင်ပြောလာတဲ့ သူကို လှမ်းရှိုးလိုက်တော့ သားလေးကို ချီပြီး အခန်းထဲ ဝင်လာတဲ့ ဘီ။

Tora-"ဟုတ်လား မာမီ မေမေပြောသလို လမ်းပျောက်နေကြတာလားဟင်"

ဆုမြတ်-"ဘီ ကလေးကို ဘာမဟုတ်တာတွေ လျှောက်ပြောနေတာ"

ဘီ-"ကိုယ် ဘယ်မှာ မဟုတ်တာပြောလို့လဲ ဘေဘိီရဲ့ ဖြစ်နိုင်တာက်ိုပဲ ပြောတာလေ"

ဆုမြတ်-"ဘီကတော့လေ"

Kota-"မာမီ မာမီ ဒါနဲ့လေ သား ကြားဖူးတာတော့ တစ်ကယ့် ဖြစ်ရပ်မှန်တွေက ပျော်ရွှင်စရာ ဇာတ်သိမ်းတွေ မဟုတ်ကြဘူးတဲ့"

ဆုမြတ်-"ဘာကိုပြောတာလဲကွယ့်"

Kota-"ဒီပုံပြင်တွေက.."

ဆုမြတ်-"အဲ့ဒါက ဘယ်လိုပြောရမလဲ သားလေးတို့လို ကလေးအရွယ်လေးတွေ ကြိုက်တတ်တဲ့ ဇာတ်လမ်းလေး ပြောင်းထားတာပေါ့နော် ဒါပေမဲ့ တချို့မင်းသမီးလေးတွေက ပျော်ရွှင်စရာဇာတ်လမ်းလေးနဲ့ ထိုက်တန်ကြတာကို သားလေးတို့ တွေ့ကြမှာပဲလေ မဟုတ်လားနော်"

Kota-"ဟုတ် သားလည်း သဘောကျပါတယ် အခုလို ပျော်ရွှင်စရာဇာတ်သိမ်းလေးတွေကို ကြိုက်တယ် တချို့တွေက လက်တွေ့မဆန်ဘူးလို့ တွေးမိလို့ပါ မာမီ ဒါပေမဲ့ အခုလည်း အဆင်မပြေတာမှ မဟုတ်တာ ပုံပြင်လေးက လှပါတယ်"

ဘီ-"အင်း ဟုတ်..တယ်နော်"

Tora-"မာမီ ဒါဆို သူတို့ မပျင်းကြဘူးပေါ့"

ဆုမြတ်-"သမီးလေး မတွေးတတ်ရင် မင်းသား နဲ့ မင်းသမီးလေးတို့အစား မာမီတို့ကို ကြည့် မေမေနဲ့ ချစ်လာခဲ့ကြတာ အခု ဒီသားလေး နဲ့ ဒီသမီးလေးတောင် ရှိလာပြီ လူနှစ်ယောက် တစ်ကယ်ချစ်ကြရင် သူတို့အချင်းချင်းအတွက် ပျင်းဖို့ အချိန် မရှိဘူးကွယ် အချိန်မလုံလောက်ဘူးလို့တောင် တွေးနေတတ်ကြတာ"

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥Where stories live. Discover now